နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပြည်တွင်း စက်သုံးဆီဈေး ထပ်မံမြင့်တက်

ပြည်တွင်း စက်သုံးဆီဈေး ထပ်မံမြင့်တက်

Hsan Loi Editor
12/10/2026
Share:

ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းက စံချိန်တင် မြင့်တက်ခဲ့တဲ့ ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာ သီတင်း ၂ ပတ်ခန့်အကြာ ယနေ့ အောက်တိုဘာ ၉ ရက်နေ့မှာတင် ရန်ကုန်အပါအဝင် မြို့ကြီးအချို့မှာ စက်သုံးဆီစျေး ထပ်မံမြင့်တက်လာခဲ့ပြီး ဆီဆိုင်တွေမှာ တန်းစီဝယ်ယူရမှုတွေ ပြန်လည်ဖြစ်ပေါ် နေတယ်လို့ ယာဉ်မောင်းများထံမှ သိရပါတယ်။

ယနေ့ တောင်ကြီးမြို့ရဲ့ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများအရ 92 တစ်လီတာကို ၄,၇၅၀ ကျပ်၊ 95 တစ်လီတာကို ၄,၉၃၅ ကျပ်နဲ့ ရိုးရိုးဒီဇယ်ဆီ တစ်လီတာကို ၅,၁၅၅ ကျပ်အထိ ရောက်ရှိသွားခဲ့တာပါ။ ဒါဟာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်က တက်ခဲ့တဲ့ ဈေးနှုန်းတွေထက် ဓာတ်ဆီနဲ့ ဒီဇယ်ဆီ တစ်လီတာကို ၅၅ ကျပ် မှ ၁၉၀ ကျပ်အထိ ထပ်မံ မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။

အငှားယာဉ်မောင်းတစ်ဦးကတော့ ဆီဆိုင်အများစုမှာ 92 နဲ့ 95 နှစ်မျိုးလုံး အပြည့်အဝ မရရှိတော့ဘဲ အမျိုးအစား တစ်ခုတည်းသာ ရောင်းချပေးနိုင်တာကြောင့် ဆီဆိုင်တွေမှာ နာရီဝက်ခန့် တန်းစီဝယ်ယူ နေရတယ်လို့ ဆိုပါတယ်။

အခုလို စက်သုံးဆီဈေးနှုန်းတွေ ထပ်မံမြင့်တက်နေရတာဟာ သန်လျင် ရေနံချက်စက်ရုံ လည်ပတ် နေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်ပက စက်သုံးဆီ တင်သွင်းမှုကို စစ်ကောင်စီက ၃၀ ရာခိုင်နှုန်း လျှော့ချထားတာကြောင့် ပြည်တွင်းမှာ စက်သုံးဆီ ပစ္စည်းပြတ်လပ်မှုနဲ့အတူ ဈေးနှုန်းများ ရုတ်တရက် ထိန်းမရအောင် ပြန်တက်လာခြင်းဖြစ်တယ်လို့ စက်သုံးဆီ အသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။

အာဏာသိမ်း စစ်အုပ်စု ဘက်ကတော့ သန်လျင် အမှတ်(၁) ရေနံချက်စက်ရုံမှ ထွက်ရှိတဲ့ ပြည်တွင်းထုတ် စက်သုံးဆီတွေနဲ့ အစားထိုး ဖြန့်ဖြူးပေးသွားမှာဖြစ်ပြီး၊ ဒုတိယအဆင့် တိုးချဲ့ပြီးစီးပါက နိုင်ငံရဲ့ ဓာတ်ဆီ လိုအပ်ချက် ၆၀ ရာခိုင်နှုန်းနဲ့ ဒီဇယ်ဆီ လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ ထုတ်လုပ် ပေးနိုင်မယ်လို့ ဆိုပါတယ်။

သို့ပေမဲ့ လက်တွေ့မှာ သီတင်းပတ်အလိုက် စက်သုံးဆီဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေတာကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး စရိတ်များ တိုးမြင့်လာပြီး အထွေထွေ ကုန်ဈေးနှုန်းများအပေါ် အရှိန်အဟုန်မပျက် ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြည်တွင်း စီးပွားရေး အသိုင်းအဝိုင်းက ထောက်ပြပြောဆိုထားကြပါတယ်။