နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပြင်းထန်အယ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် အောက်တိုဘာ ၅ ရက်နေ့ကစပြီး တစ်နိုင်ငံလုံး အလှည့်ကျ စနစ်နဲ့ လျှပ်စစ်မီးပေးမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကြေညာ

ပြင်းထန်အယ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် အောက်တိုဘာ ၅ ရက်နေ့ကစပြီး တစ်နိုင်ငံလုံး အလှည့်ကျ စနစ်နဲ့ လျှပ်စစ်မီးပေးမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကြေညာ

Hsan Loi Editor
05/10/2026
Share:
ပြင်းထန်အယ်နီညို ရာသီဥတုဖြစ်စဥ်ကြောင့် ဓာတ်အားသုံးစွဲသူ ပြည်သူတွေကို အလှည့်ကျစနစ်နဲ့ ဝန်အားထိန်းညှိပြီး ဓာတ်အားဖြန့်ဖြူးပေးမယ့် အစီအစဥ်ကို ယနေ့ အောက်တိုဘာလ ၅ ရက်နေ့မှာ စတင်ဆောင်ရွက်သွားမယ်လို့ အာဏာသိမ်းအစိုးရရဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။
May be an image of twilight
ယခုအခါ မုတ်သုန်လေဆုတ်ခွာပြီး မိုးရာသီကာလကုန်ဆုံးကာ ပွင့်လင်းရာသီကို ရောက်ရှိလာခြင်းနဲ့ အတူ ပြင်းထန်အယ်နီညို ရာသီဥတုဖြစ်စဥ် သက်ရောက်မှုကြောင့် အပူချိန်သိသာစွာ မြင့်မားလာပြီး ဓာတ်အားသုံးစွဲမှုလည်း မြင့်တက်ကာ ဓာတ်အားလိုအပ်ချက် တိုးတက်မြင့်မားနေတယ်လို့ ဖော်ပြထားပါတယ်။
အပူချိန်မြင့်မားပြီး ဓာတ်အားလိုအပ်ချက် မြင့်မားလာတဲ့အချိန်မှာ ဓာတ်အားထုတ်လုပ်မှုနဲ့ သုံးစွဲမှု အချိုးမညီပါက ဓာတ်အားထုတ်စက်များ ရုတ်တရက်ရပ်တန့်တာ၊ တစ်နိုင်ငံလုံး ဓာတ်အားစနစ် ပြတ်တောက်တာ (System Breakdown) တို့ ဖြစ်ပေါ်စေနိုင်တာကြောင့် ဝန်အားထိန်းညှိဖြန့်ဖြူးမှုကို မလွဲမရှောင်သာ အနည်းဆုံးပမာဏနဲ့ ဆောင်ရွက်သွားမယ်လို့ အသိပေးကြေညာထားပါတယ်။No photo description available.
အခုလို အလှည့်ကျ မီးပေးမီးဖြတ်စနစ်ကြောင့် ပြင်းထန်အယ်လ်နီညို ရာသီဥတုဒဏ် ရိုက်ခတ်မှုနဲ့အတူ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ နေ့စဥ်လူနေမှုဘဝ အခက်အခဲဒုက္ခတွေ ပိုမိုကြီးမားလာနိုင်တယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ သုံးသပ်ပြောဆိုနေကြပါတယ်။
ရန်ကုန်မြို့တော့ အုပ်စု A နဲ့ B ခွဲကာ ဒီကနေ့ နံနက် ၅ နာရီကစပြီး လေးနာရီခြားတစ်ခါ အလှည့်ကျစနစ်နဲ့ မီးပေးသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (YESC) က မနေ့ညက ကြေညာ ထားပါတယ်။

Photo – Internet