နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပုံးအင်းဒေသတစ်ခုလုံး တစ်နှစ်အတွင်း (၃)ကြိမ်မြောက် ရေမြင့်တက်လာမှုကြောင့် ရွာတိုင်းနီးပါး ရေဘေးဒုက္ခကြုံတွေ့နေရပြီး အရေးပေါ်အကူအညီလိုအပ်နေ

ပုံးအင်းဒေသတစ်ခုလုံး တစ်နှစ်အတွင်း (၃)ကြိမ်မြောက် ရေမြင့်တက်လာမှုကြောင့် ရွာတိုင်းနီးပါး ရေဘေးဒုက္ခကြုံတွေ့နေရပြီး အရေးပေါ်အကူအညီလိုအပ်နေ

Hsan Loi Editor
18/09/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း နာမည်ကျော် နောင်မွန်ဆန်ထွက်ရှိရာဒေသဖြစ်တဲ့ ပုံးအင်းဒေသ၌ တစ်နှစ်အတွင်း (၃)ကြိမ်တိုင်တိုင် ရေမြင့်တက်မှုကြောင့် ပုံးအင်းဒေသတစ်ခုလုံးရှိ လူနေအိမ်များ ရေနစ်မြုပ်ကာ လူနေလို့မရတော့သည့် အခြေအနေသို့‌ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

“ဆန်၊ စပါး ထွက်ရှိတဲ့ ဒေသတစ်ခုမှာ အခုတော့ စားစရာဆန်ပါ မရှိတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ကူညီထောက်ပံ့ကယ်ဆယ်ရေးအဖွဲ့တွေလည်း သွားရောက်လှူဒါန်းတာတွေမရှိသေးဘူးလို့ကြားတယ်။ တောင်ကြီးက လူမှုကူညီရေးအသင်းအဖွဲ့တွေကတော့ ပုံးအင်းဒေသ ရေဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက် အလှူခံနေပါပြီ။”ဟု တောင်ကြီးမြို့သို့ ရောက်ရှိနေသော ပုံးအင်းဒေသခံတစ်ဦးက ပြောပြသည်။

 

ပုံးအင်းဒေသသည် သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် သျှမ်းလူမျိုးအများဆုံးနေထိုင်ရာ ဒေသတစ်ခုဖြစ်သည်။