ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

ပီတာ ဘားပိုင်ရှင် အောင်မျိုးသူ ကို မိုင်းပျဥ်းတွင်ဖမ်းမိ

ပီတာ ဘားပိုင်ရှင် အောင်မျိုးသူ ကို မိုင်းပျဥ်းတွင်ဖမ်းမိ

Hsan Loi Editor
07/05/2026
Share:
တောင်ကြီးမြို့ ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း( မိန်းလမ်း)ပေါ်ရှိ ပီတာ Peter ကော့တေးဘား မှ အသက်မပြည့်သေးတဲ့ အမျိုး သမီးဝန်ထမ်း ကို အသက်သေဆုံးသည်အထိ ရိုက်နက်ခဲ့သည့် ဘားပိုင်ရှင် အောင်မျိုးသူကို မေလ ၆ ရက်နေ့က သျှမ်းရှေ့ မိုင်းပျဥ်းတွင်ဖမ်းဆီးရမိကြောင်း နီးစပ်သူများထံမှ သိရသည်။
” မိုင်းပျဥ်းမှာ မိတာလို့သိရတယ် ၊ ကျိုင်းတုံ နယ်မြေရဲစခန်းကနေ တောင်ကြီး မြို့မ ရဲစခန်းကိုပဲပြန်လွဲမှာ ပေါ့ ၊ သူ့ဆိုင်ကယ်နဲ့ပဲ ဖမ်းမိတာလို့ သိရတယ် ” ဟု ပီတာဘားနှင့် နီးစပ်သူတစ်ဦး ကပြောသည်။
ပီတာ ဘားပိုင်ရှင် အောင်မျိုးသူ သည် မေလ (၄) ရက်ညနေပိုင်း က အသက် ၁၆ နှစ် အရွယ် ဝန်ထမ်းအမျိုးသမီးငယ်ကို စားသုံး သူဧည့်သည်တစ်ဦးမှ Tip(မုန့်ဖိုး) ၅၀၀၀ ကျပ် ပေးခဲ့သည့် ကိစ္စ နှင့်ပတ်သက်၍ ရိုက်နက် ထိုးကြိတ် ရာမှ အသက်သေဆုံးသည်အထိဖြစ်ပွားခဲ့ကြောင်း သိရသည် ။
May be an image of one or more people, car and text
သေဆုံးသူအမျိုးသမီးငယ်မှာ ညောင်ရွှေမြို့နယ်မင်းချောင်းအလယ်ရွာနေ အသက် ၁၆ နှစ်အရွယ်ရှိ မဖူးပွင့်ဝေ ဖြစ်ပြီး ပီတာဘားတွင် အလုပ်ဝင်ရောက်လုပ်ကိုင်နေ သည်မှာ၂၄ ရက်သာရှိသေးကြောင်းသိရသည်။
မဖူးပွင့်ဝေသည် ရိုက်နက်ဒဏ်ရာများကြောင့် ဦးနှောက်သွေးကြောပေါက်ကာ သေဆုံးခြင်းဖြစ်သည်ဟု မှုခင်းဆရာဝန်များက အတည်ပြုထားပြီး ရုပ်အလောင်းကို မေလ ၆ ရက်နေ့ကသင်္ဂြိုလ်ပြီးစီးခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ ပီတာ ဘားပိုင်ရှင် အောင်မျိုးသူ သည် အမျိုးသမီး ဝန်ထမ်းများအား မကြာခဏ ဆဲဆိုကြိမ်းမောင်းတတ်ပြီး အကြမ်းဖက်ရိုက်နက်တတ်သူဟု တောင်ကြီး ၊ ညောင်ရွှေ ၊ ကလော မှ နီးစပ် သူများကပြောသည် ။ ၄င်းသည် အောင် သပြေ ဇာတိဖြစ်ပြီး မိဘ များမှာ မိတ္ထီလာ ဖက်က ဖြစ်သည်ဟုဆိုသည်။
မဖူးပွင့်ဝေ သေဆုံးသည့်ကိစ္စနှင့်ပတ်သက်၍ ကျူး လွန်သူကို ဖမ်းဆီးရမိရေး၊ ထိရောက်စွာအရေးယူနိုင်ရေးနှင့် သေဆုံးသုအတွက် တရားမျှတမှု ရရှိစေရန် သျှမ်းတောင်ဒေသခံ ပြည်သူလူထုများက တောင်းဆို ထားကြသည်။