နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပန်းအမျိုးပေါင်း သုံးသောင်းကျော်နဲ့ ကလောမြို့ မှာ ပထမအကြိမ်ပန်းပွဲတော် ပြုလုပ်မယ်

ပန်းအမျိုးပေါင်း သုံးသောင်းကျော်နဲ့ ကလောမြို့ မှာ ပထမအကြိမ်ပန်းပွဲတော် ပြုလုပ်မယ်

Hsan Loi Editor
23/12/2025
Share:
သျှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နာရီစဥ်အနီးက မောမြေ ဦးပန်းခြံ မှာပန်းအမျိုးပေါင်း သုံးသောင်းကျော်နဲ့ ပထမဆုံး အကြိမ်ပန်းပွဲတော်ကို ၁၅ ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
ကလောပန်းပွဲတော်ကိုဇန်နဝါရီ (၁) ရက်နေ့ကနေ (၁၅) ရက်တိတိ ကျင်းပမှာဖြစ်ပြီး ဝင်ကြေးအခမဲ့အပြင် စျေးရောင်းပွဲတော်၊ ပန်းအလှပြိုင်ပွဲများနဲ့ ခရီးသွားဧည့်သည်တွေအပန်းဖြေဖို့ စည်းကားသိုက်မြိုက်စွာကျင်းပမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီပန်းပွဲတော် မှာ နိုင်ငံခြားဖြစ်ပန်းမျိုးစိတ် တွေအပါအဝင်ဒေသ ထွက်ပန်းမျိုးစိတ် တွေလည်း ပါဝင်ပြီး သစ်ခွဥယျာဉ်နဲ့ ပန်းအမျိုးအစား အများအပြား စတာတွေ ပြသသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ကလော ၊ အောင်ပန်း ၊ အင်းလေး ဒေသတွေမှာ တန်ဆောင် တိုင်ပွဲ‌ တော်‌ ကာလကနေ ယခုလအထိ ပြည်တွင်းခရီးသွား
ဧည့်သည်တွေမပြတ်ဘူးလို့ ဒေသခံတွေ ဆီက သိရပါတယ်။