ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

ပင်းတယ တွင် အွန်လိုင်းလောင်းကစားဂိမ်းစွဲနေ သည့် ကျောင်း ဆရာမတစ်ဦး ငွေကြေးလိုအပ်ချက်ကြောင့် အမျိုးသမီး၂ ဦး ကိုဓါးဖြင့်ထိုးသတ်မှုဖြစ်ပွား

ပင်းတယ တွင် အွန်လိုင်းလောင်းကစားဂိမ်းစွဲနေ သည့် ကျောင်း ဆရာမတစ်ဦး ငွေကြေးလိုအပ်ချက်ကြောင့် အမျိုးသမီး၂ ဦး ကိုဓါးဖြင့်ထိုးသတ်မှုဖြစ်ပွား

Hsan Loi Editor
21/05/2026
Share:
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာတွင် အွန်လိုင်းလောင်းကစား (ဆလော့ဂိမ်း) စွဲလမ်းနေသည့်မူလ တန်းပြ ကျောင်းဆရာမတစ်ဦးက ငွေကြေးလိုအပ်ချက်ကြောင့် အမျိုး သမီး၂ ဦး ကိုဓါးဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရ သည်။
ဖြစ်စဉ်မှာ မေလ ၁၉ ရက်နေ့ ည ၇ နာရီချိန်ခန့်က မြင်းမူးကျေးရွာရှိ ဒေါ်မြကြည်၏ နေအိမ်၌ အော်သံများကြားရသဖြင့် တစ်ခြံဝင်းထဲနေသူ ဦးသောင်းကြွယ်က သွားရောက်ကြည့်ရှုရာ ၎င်း၏ သမီးဖြစ်သူ မစန်းစန်းအေး (ခ) မမီးအိုနှင့် အစ်မဖြစ်သူ ဒေါ်မြကြည်တို့ ဓားဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရကြောင်း ၊ ယင်းနောက်နေအိမ်အတွင်း ဓားဦးချွန်ကိုင်ဆောင်ထားသည့် ကျားကုန်းအုပ်စု၊ ဘုရားကုန်းကျေးရွာ အ.မ.ကကျောင်းမှမူလတန်းပြ ကျောင်းဆရာမ မနုနုထွေးကို တွေ့
ရှိသဖြင့် ဦးသောင်းကြွယ်က ဓားအား ဝင်ရောက်လုယူခဲ့ကြောင်း ရဲသတင်းများကဖော်ပြထားသည်။
ဓားထိုးမှုကြောင့် မမီးအို (ခ) မစန်းစန်းအေးတွင် ယာဘက် ရင်ဘတ် အောက်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာရင်ညွန့်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာပေါင်ရင်း ထိုးသွင်း ဒဏ်ရာ တစ်ချက်၊ ယာပေါင် အလယ် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ရရှိခဲ့ပြီး ဒေါ်မြကြည်တွင် ဝဲဘက်ဝမ်းဗိုက်အောက်ခြေ ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိခဲ့ကာ ပင်းတယပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဥ် နှစ်ဦးစလုံး ဆေးကုသမှုခံယူရင်း ရရှိသော ဒဏ်ရာများဖြင့်သေဆုံး သွားခဲ့ကြောင်း သိရသည်။
May be an image of one or more people and text
အဆိုပါကျူးလွန်သူ ကျောင်းဆရာမ နုနုထွေးသည် အွန်လိုင်း လောင်းကစားဂိမ်း အလွန်အကျွံ ကစားသူဖြစ်ပြီး ငွေကြေးလိုအပ်ချက်အရ ဒေါ်မြကြည်၏ နေအိမ်တွင် အမျိုးသမီးများသာ နေထိုင်သည် ကိုအခွင့်ကောင်းယူ၍ ပစ္စည်းများ ရယူရန် လာရောက်စဉ် ဒေါ်မြကြည်နှင့် မမီးအို (ခ) မစန်းစန်းအေးတို့ ခုခံသဖြင့် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းပင်းတယ ရဲသတင်းများတွင်ဖော်ပြထားသည်။
ပြစ်မှုကျူးလွန်သူ နုနုထွေးအား ပင်းတယမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၅၈/၃၂၆ ဖြင့် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
Photo:local