နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပင်းတယမှာနေရပ်ပြန်သျှမ်းမြောက်စစ်ရှောင် (၅၀၀၀)ကျော်ကိုအစားအသောက်တွေကူညီလှုဒါန်း 

ပင်းတယမှာနေရပ်ပြန်သျှမ်းမြောက်စစ်ရှောင် (၅၀၀၀)ကျော်ကိုအစားအသောက်တွေကူညီလှုဒါန်း 

Hsan Loi Editor
02/12/2023
Share:

 

သျှမ်းပြည်တောင်ပိုင်းဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်မှာ နေရပ်ပြန်သျှမ်းမြောက်စစ်ရှောင် (၅၀၀၀) ကျော်ကိုဒေသခံတွေက အစား အသောက်နဲ့ အဝတ်အထည်တွေကိုကူညီလှူဒါန်းခဲ့တယ်လို့သိရပါတယ် ။

 

ပင်းတယ မြို့နယ်ကို ဖြတ်သန်းပြီးနေရပ်ပြန်နေကြတဲ့သျှမ်းပြည်မြောက်ပိုင်း ကစစ်ရှောင်တွေ ဟာ နိုဝင်ဘာလ၂၈ရက်က စတင်ပြီး ဒီဇင်ဘာ ၁ ရက်နေ့အထိ ၅၀၀၀ ကျော်လောက်ရှိတယ်လို့စစ်ရှောင်တွေကို ကူညီနေသူတွေ ဆီကသိရပါတယ် ။

 

” သူတို့နေရပ်ပြန်ဖို့ ကျွန်တော်တို့မြို့ကိုဖြတ်သန်း

လာကြတော့ ဒေသခံ တွေကနေပြီး ကိုယ်တတ် နိုင်တဲ့ အပိုင်းကနေ ကူညီကြတဲ့ သဘောပါပဲ အခုထိလဲ တစ်ဖွဲဖွဲလာနေတုန်းပါ ဆိုင်ကယ်တွေနဲ့ရော ကားကြီးကားငယ်အသွယ်သွယ်နဲ့ပေါ့ ” လို့ ဆိုပါတယ် ။

 

ပင်းတယ မြို့စေတနာမွန်လူမှုကူညီရေးအသင်းသူအသင်းသားတွေနဲ့ နီးစပ်ရာဒေသခံ ပြည်သူတွေက စစ်ရှောင်တွေအတွက် အစားအသောက်နဲ့ အဝတ် အထည်တွေကို ဆက်လက်ကူညီလှူဒါန်းနေတယ်လို့ လည်းသိရှိရပါတယ် ။