နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပင်လောင်းမြို့နယ်၊  သံတဲ−ဘုရားပေါ် ကျေးရွာချင်းဆက် လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား ၂ နှစ် ကြာသည်အထိ ဆောက်လုပ်ပြီးစီးမှုမရှိသေးတာကြောင့် ဒေသခံများ သွားလာရေးအတွက် အခက်ကြုံ

ပင်လောင်းမြို့နယ်၊ သံတဲ−ဘုရားပေါ် ကျေးရွာချင်းဆက် လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား ၂ နှစ် ကြာသည်အထိ ဆောက်လုပ်ပြီးစီးမှုမရှိသေးတာကြောင့် ဒေသခံများ သွားလာရေးအတွက် အခက်ကြုံ

Hsan Loi Editor
07/09/2026
Share:
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စုရှိ သံတဲ−ဘုရားပေါ် ကျေးရွာချင်းဆက် လမ်းပေါ်က သံကူကွန်ကရစ်တံတားဟာ ၂ နှစ်ကြာသည်အထိ ဆောက်လုပ်ပြီးစီးမှု မရှိသေးတာကြောင့် ဒေသခံပြည်သူများရဲ့ သွားလာရေးအတွက်နဲ့ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင် ရေးအတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။
No photo description available.
အဲ့ဒီတံတားဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ရေကြီးရေလျှံမှုအတွင်းက ရေးစီးနဲ့အတူ မျှောပါ ပျက်စီးသွားခဲ့တာြဖစ်ပြီး သံကူကွန်ကရစ်တံတား ဆောက်လုပ်ဖို့အတွက် စစ်ကောင်စီ အစိုးရ လက်ထက်ကတည်းက ဘတ်ဂျက်ချပေးခဲ့တာဖြစ်ကာ ၂ နှစ်ကျော်ကြာသည်အထိ တံတားရဲ့ ကမ်းကပ်ခုံသာ ဆောက်လုပ်ပြီးသေးတယ်လို့ သိရပါတယ်။
No photo description available.
“ ရေကြီးလို့ တံတားပြိုပျက်သွားပြီးတဲ့နောက် သွားလာရေးအဆင်ပြေဖို့အတွက် ရွာသူ/သား တွေ စုပေါင်းပြီးတော့ ကိုယ်ထူကိုယ်ထ သစ်သားတံတား ဆောက်လုပ်ခဲ့ပါတယ်၊ ရှမ်းအစိုးရကနေ ကွန်ကရစ် တံတားဆောက်လုပ်ဖို့ ဘတ်ဂျက် သိန်းထောင်ကျော် ချလာပေးတယ်၊ အဲ့မှာ တံတားဆောက်လုပ်ဖို့ တာဝန်ယူထားတဲ့ ကုမ္ဗဏီက ရွာသားတွေ ဆောက်ထားတဲ့ သစ်သားတံတားကို ဖြိုဖျက်ပြီး ကွန်ကရစ် တံတားဆောက်ဖို့လုပ်တာ ယနေ့ချိန်ထိ မပြီးသေးဘူး” လို့ ဘုရားဖြူ ဒေသခံတစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။
May be an image of lumberyard
ဒါ့အပြင် လက်ရှိမှာလည်း ဆောက်လက်စ တံတားကို ရပ်ဆိုင်းထားပြီး အဆိုပါ တံတားကို မှီခိုသွားလာ နေရတဲ့ သံတဲ၊ ဘုရားပေါ်၊ ဘုရားဖြူ၊ သပြေရေထွက်၊ ကွန်ချင် နဲ့ ပေါ့ကဲ စတဲ့ ကျေးရွာမှ ဒေသခံတွေက အခက်အခဲကြုံတွေ့နေရပြီး ခြံထွက်ရာသီပေါ် သီးနှံတွေ သယ်ယူရောင်းဝယ်ရေးအတွက် အခြားလမ်းမှ ခက်ခဲစွာ ကွေ့ဝိုက်သွားလာနေရကာ အချိန်ပိုကုန်၊ အသုံးစရိတ်ပိုကုန်နေရတာကြောင့် တာဝန်ရှိသူ တွေအနေနဲ့ တံတားအမြန်ပြီးစီးအောင် ဆောင်ရွက်ပေးဖို့ ဒေသခံတွေက လိုလားနေတယ်လို့ သူက ဆက်ပြောပါတယ်။

Photo – Local