နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပင်လောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ဟုဆို 

ပင်လောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ဟုဆို 

Hsan Loi Editor
04/05/2025
Share:

 

သျှမ်းပြည်‌တောင်ပိုင်း ၊ ပင်လောင်းမြို့နယ် ၊ ဘီလူးချောင်းအရှေ့ဖက်ခြမ်းရှိ နမ့်တုတ်ကျေးရွာနဲ့ ကုန်းသာ (ခ) မဆုန့်ခွမ် ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် ဒေသခံတွေရဲ့နေအိမ် ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

 

မေလ ၂ ရက် ၊ နေ့လည် ၁၂ နာရီဝန်းကျင်ကနေ နေ့လည် ၂ နာရီခွဲအချိန်ထိ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့က ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခတ်ပြီး ကုန်းသာ(ခ) မဆုန့်ခွမ်ကျေးရွာကို လက်နက်ကြီးနဲ့ ၉ ကြိမ်ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့

အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့ကထုတ်ပြန်ထားပါ တယ် ။

 

“ လူတော့ထိခိုက်မိတာမကြားသေးဘူး ကလေးရောလူကြီးရောလန့်နေရတယ် ၊နန်းတုတ်ရွာထဲက ခန်းမဆောင်ထိသွားတယ် ၊ နေအိမ် နှစ်အိမ် ပျက်စီးတယ်” လို့ ပင်လောင်းသတင်းရင်းမြစ်တစ်ဦးကလည်းပြောပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ပထမပါတ်ထဲမှာလဲ ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ကျေးရွာကို စစ်ကောင်စီနဲ့ လက်အောက်ခံ PNA/PNOတို့က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့‌‌တယ်လို့ သိရပါတယ်။

 

photo- အင်းလေးဒေသလူ့အခွင့်အရေး