ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

ပင်လောင်းတွင် သေနတ်ဖြင့်ပစ်သတ်ခံရသည့် ကားဆရာအတွက် အမှန်တရားဖော်ထုတ်ပေးရန် တောင် ရိုးလူငယ်အစည်းအရုံးက PNO/ PNA ပြည်သူ့စစ်ထံ တောင်းဆို

ပင်လောင်းတွင် သေနတ်ဖြင့်ပစ်သတ်ခံရသည့် ကားဆရာအတွက် အမှန်တရားဖော်ထုတ်ပေးရန် တောင် ရိုးလူငယ်အစည်းအရုံးက PNO/ PNA ပြည်သူ့စစ်ထံ တောင်းဆို

Hsan Loi Editor
29/05/2026
Share:

သျှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် PNO/PNA ပအိုဝ်းပြည်သူ့စစ်တပ်သား၂ ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသောယာဥ်မောင်း ဦးအောင်သိန်းအတွက် တရားမျှတမှုနှင့် အမှုမှန် ပေါ်ပေါက်ရေး အတွက် တောင်ရိုးလူငယ်အစည်း အရုံး(TYO) ကမေ ၂၆ တွင်ထုတ်ပြန်ထားသည် ။

မေ ၂၄ ရက် ည ၈ နာရီဝန်းကျင်ခန့်တွင် နောင်တရားမြို့နယ် ဘန့်ပြင်ကျေးရွာ အုပ်စု နောင်မူရွာအနောက်ဖက် ဒေသအခေါ် တံတားကြီးမရောက်ခင်အကွေ့ ( တံတားရိပ် အပန်းဖြေနေရာမရောက်ခင်)အကွေ့တွင် အောင်ပန်းမှ အာလူးသွားရောင်းပြီး ပြန်လာသည့် ဦးထွက်ကျော်စိန် နှင့် ကားဆရာ ဦးအောင်သိန်းတို့အား PNO ပအိုဝ်းပြည်သူ့စစ်တပ်သားနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်ကားဆရာ ဦးအောင်သိန်းသည် ကျည်ဆံထိမှန် ဖောက်ထွက်ဒဏ်ရာဖြင့် တီကျစ်ဆေးရုံတွင် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည် ။

” တောင်ရိုးတိုင်းရင်းသားပြည်သူတွေဟာ သူတို့ကောက်သမျှ ဆက်ကြေးတွေကို တစ်ကျပ်မကျန် အကုန်ထည့်ဝင်ပေးခဲ့ကြတာပါ။ ဒါပေမဲ့ ရလာတဲ့ရလဒ်က အကာအကွယ်ပေးဖို့နေနေသာသာ အသက်ကိုပါ အလွယ်တကူ နှုတ်ယူတဲ့ စော်ကားမှုမျိုးပဲ ဖြစ်နေပါတယ် ၊ လူထုဆီက ဆက်ကြေးကျတော့ အကုန်တောင်းပြီး ပြည်သူ့အသက်ကျတော့ ဖုန်မှုန့်လောက်တောင် တန်ဖိုးမထားတာ တကယ်ကို လွန်လွန်းပါတယ် ” ဟု တောင်ရိုး ဒေသခံတစ်ဦးကပြောသည် ။

ယခုဖြစ်စဥ်သည် လူမျိုးရေးပြဿနာ မဟုတ်ပဲ လက်နက်ကိုင်ထားပြီး အာဏာပြ၊ စည်းကမ်းမဲ့ ပစ်ခတ်သတ်ဖြတ်နေသည့် လက်နက် ကိုင်အဖွဲ့အစည်း၏ မတရားမှု သက်သက်သာ ဖြစ်
ပြီး ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် နှင့်တရားမျှတမှု ရရှိရန်လိုအပ်ကြောင်း ၄င်းကဆိုသည် ။

ပစ်ခတ်မှု မဖြစ်ပွားမီ အချိန်တွင် ဖြစ်ပွားရာနေရာအနီးတစ်ဝိုက် ၌ PNA ရဲဘော်များ ရောက်ရှိလှုပ်ရှားနေကြောင်း ဒေသခံပြည်သူများ၏ ခိုင်လုံသော ပြောဆိုချက်များအရ သိရှိရသဖြင့်၊ လုံခြုံစိတ်ချရမည့် မိမိတို့ဒေသအတွင်း၌ ယခုကဲ့သို့ အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး အသက်ဆုံးရှုံးခဲ့ရသည့် လုပ်ရပ်သည် မည်သည့်အကြောင်းပြချက်ဖြင့်မျှ လက်ခံနိုင်စရာမရှိကြောင်း ဆိုထားပြီးသေဆုံးသွားသော ဦးအောင်သိန်းနှင့် ကျန်ရစ်သူ မိသားစုဝင်များအတွက် ထိုက် တန်သော တရားမျှတမှု ရရှိစေရန်၊ အမှုမှန် အမြန်ဆုံး ပေါ်ပေါက်လာစေရန်နှင့် ပြစ်မှုကျူးလွန်သူများကိုထိရောက်စွာအရေး ယူနိုင်ရေး “ အမှန်တရား ရှာဖွေဖော်ထုတ်ပေးရန်” တောင်ရိုးလူငယ်အစည်း အရုံး (TYO) ကပြင်းထန်စွာ တောင်းဆိုထားသည်။

သေဆုံးသူ ကားဆရာ ဦးအောင်သိန်းသည် ကျောက်ဆင့်ကျေး ရွာ အုပ်စု၊ ကျောက်ဆင့်ရွာတွင် နေထိုင်သူဖြစ်ပြီး၊ တီကျစ်ဆေးရုံတွင် ရုပ်အလောင်းအား ခွဲစိတ်စစ်ဆေးစဉ် ခန္ဓာကိုယ်အတွင်းမှ သေနတ်ကျည်ထိပ်ဖူးတစ်ခု တွေ့ရှိခဲ့ပြီး တွေ့ရှိခဲ့ပြီး ၎င်း သေဆုံးမှုနှင့် ပတ်သက်၍ နောင်တရားနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည် ။