နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပင်လောင်းတွင် ရွာခံထောင်ချီ၍ အလံဖြူထောင် ထွက်ပြေးနေကြရ

ပင်လောင်းတွင် ရွာခံထောင်ချီ၍ အလံဖြူထောင် ထွက်ပြေးနေကြရ

Hsan Loi Editor
27/02/2023
Share:

 

ပင်လောင်းဘက်တွင် စစ်ကောင်စီ၊ PNA ပူးပေါင်းအဖွဲ့နှင့် KNDF တို့ တိုက်ပွဲပြင်းထန်လာပြီး ယနေ့နံနက် အလံဖြူထောင်ပြီး အကုန်ထွက်ပြေးနေရပြီဖြစ်ကြောင်း သိရသည်။

 

“ အရေးပေါ် အခြေအနေ ရောက်နေပါပြီ

ကူနိုင်သမျှ ကူပေးကြပါ၊ စစ်ဘေးရှောင် ၅၀၀၀ ကျော်တယ်” ဟု ဒေသခံတဦးက ပြောပါသည်။

 

ပင်လောင်းမြို့နယ် တောင်မဲသင်းရွာ၊ လုံးပြင်ရွာ၊ နန်းနိန်ရွာ၊ တောင်စလုံးရွာဘက်က စစ်ရှောင်များဖြစ်ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဆောင်းပြောင်းအကျော် လုံးပျဉ်-တောင်မဲလုံး လမ်းမပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် နှင့် ပင်ပုံရွာအနီး စစ်ဆေးရေးဂိတ်တို့ အပစ်ခံရပြီးနောက် ဖယ်ခုံအခြေစိုက် စစ်ကောင်စီဘက်က တောင်မဲသင်း၊ တောင်စလုံး ၊ မြောက်စလုံးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အမျိုးသမီးတဦး သေဆုံးသွားကြောင်း သိရပါသည်။

 

Photos: ယိန်းယံ