နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နှစ်နိုင်ငံနယ်စပ် တင်းမာမှုတွေ ဆိုးရွားလာတဲ့အတွက် ကမ္ဘောဒီးယားအသင်း အားလုံး SEA Games ပြိုင်ပွဲကနေ နှုတ်ထွက်

နှစ်နိုင်ငံနယ်စပ် တင်းမာမှုတွေ ဆိုးရွားလာတဲ့အတွက် ကမ္ဘောဒီးယားအသင်း အားလုံး SEA Games ပြိုင်ပွဲကနေ နှုတ်ထွက်

Hsan Loi Editor
15/12/2025
Share:
ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် တိုက်ပွဲများဖြစ်ပွားပြီး တင်းမာမှုတွေ ဆိုးရွားလာတဲ့အတွက် ကမ္ဘောဒီးယား အားကစားသမားအသင်းအားလုံး ၃၃ ကြိမ်မြောက် SEA Games ပြိုင်ပွဲကနေ နှုတ်ထွက်ရန် ကမ္ဘောဒီးယား အမျိုးသားအိုလံပစ် ကော်မတီ(NOCC) က ဒီကနေ့ မနက်မှာ ကြေညာခဲ့ပါတယ်။May be an image of clarinet, trumpet and text that says 'I m l'
ကမ္ဘောဒီးယား အားကစားသမားများကို ဧည့်ဝတ်ကျေပွန်ပေးတဲ့အတွက် ထိုင်းအားကစား အာဏာပိုင်များအား ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
May be an image of text that says 'VN N prime 物ど ViVcab CAMBODIA CAMBODIA'
လက်ရှိဖြစ်ပေါ်နေတဲ့ နှစ်နိုင်ငံ ပဋိပက္ခတွေကြောင့် အားကစားသမားများရဲ့ ဘေးကင်းလုံခြုံမှုကို စိုးရိမ်တဲ့အကြောင်းပြချက်ဖြင့် ပြိုင်ပွဲကနေ ဝမ်းနည်းစွာနဲ့ နှုတ်ထွက်ခဲ့တာလို့ဆိုပါတယ်။
ဒီဇင်ဘာ ၈ ရက်မှာ တကျော့ပြန်စတဲ့ တိုက်ပွဲများအတွင်း ကမ္ဘောဒီးယားဘက်မှ အရပ်သား ၇ ဦးနှင့် ထိုင်းစစ်သား ၃ ဦး သေဆုံးခဲ့ပြီး နယ်စပ်ဒေသများမှ လူ ၃၈၅,၀၀၀ ကျော် ရွှေ့ပြောင်း တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
May be an image of text
ယခုဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားဘက်က ထိုင်း၏ ကျူးကျော်ရေးဟု စွပ်စွဲပြောဆိုပြီး ထိုင်းဘက်က ကာကွယ်ရေး လုပ်ရပ်များဖြစ်တယ်လို့ ဆိုပါတယ်။