နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နောင်ပိန်တိုက်နယ် ကျေးရွာအချို့ရှိ ကျေးရွာချင်းဆက်လမ်းများအား TNLA က မြေမြုပ်မိုင်းများ ထောင်ထားသည့် အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေ

နောင်ပိန်တိုက်နယ် ကျေးရွာအချို့ရှိ ကျေးရွာချင်းဆက်လမ်းများအား TNLA က မြေမြုပ်မိုင်းများ ထောင်ထားသည့် အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေ

Hsan Loi Editor
31/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ဂုတ်တွင်းဧရိယာအနီးတစ်ဝိုက်ရှိ ကျေးရွာချင်းဆက်လမ်းအချို့အား မြေမြုပ်မိုင်းများ လိုက်လံမြုပ်နှံထားပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

 

“လုံကြိမ်ရွာ ၊နောင်ပစ်ရွာ၊ ခဲလုံရွာ၊ ပါမလုတ်ရွာတစ်ကြောဘက်ကို TNLA တွေက နေရာယူထားကြပြီ။ အဲ့ရွာလမ်းအနီးတစ်ဝိုက်တွေကိုလည်း မြေမြုပ်မိုင်းတွေ လိုက်မြုပ်ထားတယ်လို့ပြောတယ်။ ရွာသူရွာသားတွေကိုလည်း အဝင်အထွက်ကန့်သတ်ထားလိုက်ပြီ။ ဒီနေ့က နောင်ပိန်စေ◌ျးနေ့ဆိုတော့ ရွာသားတွေက စားသောက်ကုန်တွေ ထွက်ဝင်ချင်ကြတာတောင်မထွက်ရဘူးတဲ့။ ပြီးတော့ ကုန်စေ◌ျးနှုန်းတွေလည်း အဆမတန်ကြီးနေပြီ။”ဟု ဒေသခံတစ်ဦးကပြောပြသည်။

 

နောင်ပစ်ရွာအနီးတစ်ဝိုက်ကို ရံဖန်ရံခါတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်များ ဗုံးလာကြဲလျက်ရှိကြောင်း သတင်းရရှိသည်။