နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နောင်ချို ဒုဋ္ဌဝတီအဆင်းလမ်းမှာ ကားတစ်စီးထိုးကျမှုဖြစ်ပွား လူသေဆုံးမှုမရှိ

နောင်ချို ဒုဋ္ဌဝတီအဆင်းလမ်းမှာ ကားတစ်စီးထိုးကျမှုဖြစ်ပွား လူသေဆုံးမှုမရှိ

Hsan Loi Editor
19/11/2026
Share:
သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချို−ရပ်စောက်လမ်းပေါ်ရှိ ဒုဋ္ဌဝတီအဆင်းလမ်းမှာ ကားတစ်စီး ထိုးကျမှုဖြစ်ပွားပြီး လူထိခိုက်ဒဏ်ရာ ရရှိကာ လူသေဆုံးမှုမရှိဘူးလို့ သိရပါတယ်။
No photo description available.
ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့က နောင်ချိုမြို့နယ် ဒုဋ္ဌဝတီအဆင်းလမ်း လေးထပ်ကွေ့မှာ အိမ်စီးကားတစ်စီး ဘရိတ်ပေါက်ကာ အောက်သို့ ထိုးကျမှုဖြစ်ပွားခဲ့တယ်လို့ ခရီးသွားများထံမှ သိရပါတယ်။
May be an image of car
“ မနေ့က ပရာဒိုကားတစ်စီး ဒုဋ္ဌဝတီအဆင်းလမ်းမှာ ထိုးကျသွားတာ၊ တော်သေးလို့ လူက ထိခိုက် ဒဏ်ရာ ရသွားရုံပဲ၊ အဲ့လမ်းက အရမ်းအန္တရာယ်များတဲ့လမ်းပါ၊ အတက်အဆင်း မတ်စောက်ပြီး လမ်းကကျဥ်းပါတယ်” လို့ ဆိုပါတယ်။
May be an image of car
ဒုဋ္ဌဝတီအဆင်းလမ်း လေးထပ်ကွေ့ကနေ ထိုးကျသွားတဲ့ ကားတစ်စီးဟာ အောက်ဘက်က သွားလာနေတဲ့ ဆိုင်ကယ်တစ်စီးကိုပါ တိုက်မိသွားပြီး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
May be an image of scooter, motorcycle and road
သျှမ်းပြည်မြောက်ပိုင်းနဲ့ သျှမ်းပြည်တောင်ပိုင်း အစပ်က ဒုဋ္ဌဝတီအဆင်းလမ်းဟာ အကွေ့အကောက် များပြီး အတက်အဆင်းရှည်လျားကာ လမ်းကျဥ်းတာကြောင့် ကားမတော်တဆ မကြာခဏဖြစ်ပွားပြီး ကုန်တင်ကားကြီးများနဲ့ အိမ်စီးကားများအနေနဲ့ သေချာဂရုစိုက်ပြီး သတိထား သွားလာကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
No photo description available.