နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နောင်ချိုမြို့မှာ စစ်ရှောင်ပြည်သူခိုအောင်းနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲပြီးသံဃာတော် ၉ ပါး အပါအဝင် အနည်းဆုံး ၁၄ ဉီးသေဆုံး

နောင်ချိုမြို့မှာ စစ်ရှောင်ပြည်သူခိုအောင်းနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲပြီးသံဃာတော် ၉ ပါး အပါအဝင် အနည်းဆုံး ၁၄ ဉီးသေဆုံး

Hsan Loi Editor
17/03/2025
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ စစ်ရှောင်ပြည်သူ ခိုအောင်းနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီး သံဃာတော် ၉ ပါး အပါအဝင် အနည်းဆုံး ၁၄ ဉီးသေဆုံး ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

ယနေ့ မတ်လ ၁၆ ရက် ညနေပိုင်းအချိန်က နောင်ချိုမြို့နယ် စိန်ရတနာပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး(၄)လုံး လာရောက်ကြဲချသလို စက်သေနတ်နဲ့ပါ ပတ်ခတ်သွားတယ်လို့ သိရပါတယ်။

 

” စိန်ရတနာ‌စာသင်တိုက်ကျောင်းကို လေယာဉ်နိမ့်နိမ့်လေးပျံပြီး ဗုံးနဲ့ လာကြဲသွားတာ၊ အဲ့ကျောင်းမှာ ပြည်သူတွေ စစ်ရှောင်နေတာ သိသိနဲ့ တမင်ကိုလုပ်သွားတာ” လို့ နောင်ချို ဒေသခံတစ်ဦး ကပြောပါတယ်။

 

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ ဘုန်းကြီး ၁ ပါး၊ ကိုရင် ၈ ပါးနှင့် ပြည်သူ ၅ ဦး သေဆုံးပြီး နေအိမ်နှင့် ကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။