နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နောင်ချိုမြို့ပေါ်က လက်ဘက်ရည်ဆိုင်တစ်ဆိုင်အပေါ် ကို စစ်ကောင်စီက လာရောက်ဗုံးကြဲချလို့ ပြည်သူ(၁၀)ဦးခန့်သေဆုံးဟုသိရ

နောင်ချိုမြို့ပေါ်က လက်ဘက်ရည်ဆိုင်တစ်ဆိုင်အပေါ် ကို စစ်ကောင်စီက လာရောက်ဗုံးကြဲချလို့ ပြည်သူ(၁၀)ဦးခန့်သေဆုံးဟုသိရ

Hsan Loi Editor
22/01/2025
Share:

 

သျှမ်းပြည်နယ်‌မြောက်ပိုင်း နောင်ချိုမြို့ပေါ် မှာရှိတဲ့ လက်ဘက်ရည်ဆိုင်တစ်ဆိုင် အ‌ပေါ်ကို စစ်ကောင်စီက ယနေ့ မနက်(၁၁း၀၀)ဝန်းကျင်က လာရောက်ဗုံးကြဲချတိုက်ခိုက်လို့ ဆိုင်လာထိုင်တဲ့ ပြည်သူ(၁၀)ဦးခန့် သေဆုံးတယ်လို့ ဒေသတွင်းရင်းမြစ်က သိရပါတယ်။

 

” ပါရမီ (၂) လဖက်ရည်ဆိုင်အပေါ်တည့်တည့်ကျတာ၊ သေဆုံးသူတွေကိုတော့ အတိအကျမသိသေးဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

 

ယမန်နေ့က မွန်းလွှဲပိုင်းကလည်း နောင်ချိုမြို့ရှိ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး(၂)လုံး လာရောက်ကြဲချမှု‌ကြောင့်အမျိုးသမီး(၁)ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းက နောင်ချိုမြို့ကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး TNLAရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ လည်ပတ်နေတာပဲဖြစ်ပါတယ်။

 

စစ်ကောင်စီအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ်ရပ်ကွက်အတွင်းသို့ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး အပြစ်မဲ့ပြည်သူများစွာသေဆုံးခဲ့ရသလို နေအိမ်အဆောက်အအုံများလည်း ထိခိုက်ပျက်စီးတယ်လို့ သိရပါတယ်။