နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက်ရုံဗုံးကြဲတိုက်ခိုက်ခံရ ၊ ကြံခုတ်ချိန်ရောက်နေပြီဖြစ်သောကြောင့် ကြံစိုက်တောင်သူများစိုးရိမ်

နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက်ရုံဗုံးကြဲတိုက်ခိုက်ခံရ ၊ ကြံခုတ်ချိန်ရောက်နေပြီဖြစ်သောကြောင့် ကြံစိုက်တောင်သူများစိုးရိမ်

Hsan Loi Editor
19/11/2024
Share:

 

နိုဝင်ဘာလ ၁၈ရက်နေ့ ည ၇နာရီ ၃၀မိနစ်ဝန်းကျသ် အတွင်း စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ် အင်းဝိုင်းရွာဘက်သို့ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ အင်းဝိုင်းသကြားစက်ဘက်ကို ဗုံးလာကြဲသွားတယ်။ အဲ့မှာရှိနေတဲ့အမျိုးသားတစ်ဦး ထိမှန်ပြီးတော့ သေဆုံးခဲ့ရတယ်။ ဂိုဒေါင်လည်းမီးလောင်သွားတယ်။” ဟု နောင်ချိုမြို့နယ် ညောင်ပင်သာကျေးရွာက ဒေသခံတစ်ဦးကပြောသည်။

ကြံခုတ်ရာသီရောက်ရှိနေပြီဖြစ်သောကြောင့် ကြံစက်ရုံကို ဗုံးကြဲတိုက်ခိုက်လာခြင်းကြောင့် ဒေသအတွင်းရှိ ကြံစိုက်တောင်သူများ ကြံခုတ်ရောင်းချနိုင်ခြင်းမရှိမည်ကို စိုးရိမ်လျက်ရှိသည်။

နောင်ချိုမြို့နယ်တွင် အုမ္မတီးရွာဘက်ကို TNLA ကပြန်လည်ထိုးစစ်ဆင်နေပြီး တနေကုန်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရရှိသည်။