နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီမှ ဗုံး(၁၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၁)ဦးသေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရ

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီမှ ဗုံး(၁၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၁)ဦးသေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရ

Hsan Loi Editor
28/10/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပေါင်(၃၀၀) ဗုံး(၂)လုံးအပါအဝင် ဗုံး(၁၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၁)ဦးသေဆုံးကာ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ(၂၇)ရက်နေ့ ည(၇း၄၅) မိနစ် အချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ရှိ သပြေရပ်ကွက် အတွင်းသို့ ကျရောက်‌ ပေါက်ကွဲကာ အသက် (၆၀)နှစ်ရှိ အမျိုးသား(၁)ဉီး သေဆုံးခဲ့ရပြီး အသက် (၅၀) ဝန်းကျင်အရွယ်ရှိ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၃)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ယနေ့ အောက်တိုဘာလ(၂၈)ရက်နေ့ နံနက်အစောပိုင်း(၂)ခွဲနာရီအချိန်တွင်လည်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် မုံးစီးမြို့နယ် ရေပူစမ်းအနီးတွင် ဗုံး(၈)လုံးထက်မနည်း လာရောက်ကြဲချပြီး ဒေသခံများ၏ နေအိမ်အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိ သည့် မြို့နယ်၊ ကျေးရွာနှင့် နေရာဒေသများကို လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး နေအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများလည်း ထိခိုက်ပျက်စီးမှု အများအပြားရှိကြောင်း သတင်းရရှိသည်။