နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ လေးပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များစွာပျက်စီးပြီး လူ(၆)ဦး သေဆုံးကာ (၁၀၀)ဦးကျော် ဒဏ်ရာရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ လေးပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များစွာပျက်စီးပြီး လူ(၆)ဦး သေဆုံးကာ (၁၀၀)ဦးကျော် ဒဏ်ရာရ

Hsan Loi Editor
22/04/2023
Share:

 

ယမန်နေ့ (၂၁.၄.၂၀၂၃) ရက်နေ့ ည (၇) နာရီဝန်းကျင်ခန့်၌ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ရွှေဟင်္သာကျေးရွာအုပ်စု တံတားဦးကျေးရွာနှင့် ကံသာကျေးရွာအုပ်စု အောင်မြင်ကုန်းကျေးရွာရှိ လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ(၂)ရွာရှိ လူနေအိမ် (၂၀၀) ကျော် ပျက်စီးခဲ့သလို စေတီပုထိုးများလည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။ ဒါ့အပြင် တံတားဦးကျေးရွာမှ အမျိုးသမီး(၂)ဦးနှင့် အောင်မြင်ကုန်းကျေးရွာမှ အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၂)ဦး အသက်ဆုံးရှုံးခဲ့ရသည်။

 

“ဖြစ်ဖြစ်ခြင်းပဲ ကျနော်တို့လူငယ်တွေ အောင်မြင်ကုန်းကျေးရွာဘက်ကို ဆိုင်ကယ်နဲ့ရအောင် သွားကြည့်ဖြစ်တယ်။ လူနေအိမ်အကုန်လုံးနီးပါး လေထဲပါသွားကုန်တယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကူညီနိုင်သလောက်ကူညီပေးပြီးတော့ ကျနော်တို့သိတဲ့ ပရဟိတ အသင်းတွေကို ဖုန်းဆက်ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေကို လာရောက်ကူညီပေးဖို့ ချက်ချင်းအကြောင်းကြားပေးခဲ့ပါတယ်။ လေကတော်တော်ပြင်းတော့ လူနေအိမ်တွေရော၊ တဲတွေရော အကုန်လုံးပျက်စီးကုန်တာ။ တချို့လူတွေတော့ အိမ်ပြိုပြီး အိမ်အောက်မှာပိမိပြီး သေသွားတာတွေရှိတယ်။ ဒီမနက်လည်း ထပ်ပြီး သွားခဲ့သေးတယ် ဒီမနက်တော့ လူမှုကူညီရေး အသင်းအဖွဲ့တော်တော်များများ လာရောက်ကူညီပေးနေပါတယ်။” ဟု နေပြည်တော်ရှိ အောင်းကုန်းကျေးရွာမှ ဒေသခံတစ်ဦးက Hsan Loi Voice ကို ပြောပြသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ(၂)ရွာမှ ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀)ဦးကျော်ရှိပြီး အချို့ထိခိုက်သူများသည် စိုးရိမ်ဒဏ်ရာများ ရရှိထားသည်ဟု ဆိုသည်။

 

ယမန်နေ့ညက လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသအတွင်းရှိ မြို့နယ်အချို့၌ နေအိမ်နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သတင်းရရှိသည်။