နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နေပြည်တော်မှာ NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပ၊ အာဏာသိမ်း သမ္မတ တက်ရောက်ခြင်းမရှိဘဲ ဗွီဒီယိုမိန့်ခွန်းသာပေးပို့

နေပြည်တော်မှာ NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပ၊ အာဏာသိမ်း သမ္မတ တက်ရောက်ခြင်းမရှိဘဲ ဗွီဒီယိုမိန့်ခွန်းသာပေးပို့

Hsan Loi Editor
16/10/2026
Share:
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA (၁၁)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ဒီကနေ့ အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက နေပြည်တော် Horizon Lake View ဟိုတယ်မှာ ကျင်းပသွားခဲ့ပါတယ်။
အဲ့ဒီနှစ်ပတ်လည်အခမ်းအနားမှာ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခြင်း မရှိဘဲ Video Message နဲ့သာ ပေးပို့ပြောကြားခဲ့ကာ “ ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဆိုပါဒေသမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့ သဘောထားကို အလေးထားဖို့လိုတယ်” လို့ပြောကြားခဲ့ပါတယ်။
May be an image of dais and text
ဒါ့အပြင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတွေအတွက် ဆုံးရှုံးနစ်နာမှုတွေကိုသာ ဖြစ်ပေါ်စေခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝ တွေကိုလည်း ထိခိုက်စေခဲ့တာကြောင့် ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
အခမ်းအနားမှာ NCA လက်မှတ်ရေးထိုးထားတဲ့ RCSS၊ ALP၊ DKBA၊ KNU/KNLA-PC၊ LDU နဲ့ NMSP မှ ခေါင်းဆောင်တွေလည်း အထိမ်းအမှတ်စကားအသီးသီးပြောကြားခဲ့ပါတယ်လို့ သိရပါတယ်။