နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နီ​ပေါနိုင်ငံတွင် ​လေယာဉ်ပျက်ကျပြီး လူပေါင်း ၆၈ ဦး အထိ သေဆုံးခဲ့

နီ​ပေါနိုင်ငံတွင် ​လေယာဉ်ပျက်ကျပြီး လူပေါင်း ၆၈ ဦး အထိ သေဆုံးခဲ့

Hsan Loi Editor
16/01/2023
Share:

 

ဇန်နဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းက နီ​ပေါနိုင်ငံ ပြည်တွင်း​လေ​ကြောင်းလိုင်းတစ်ခုဖြစ်​သော Yeti ​လေ​ကြောင်းလိုင်း၏ ခရီးစဥ်အမှတ် YT691 ATR72 500 ကို ပျံသန်း​ပေး​နေ​သော​ လေယာဥ်တစ်စင်း ချွတ်ယွင်းမှုဖြစ်ခဲ့ပြီး ပရိုခရာ့​လေဆိပ်နှင့် ၂ ကီလိုမီတာခန့်အကွာတွင် အ​​ရေး​ပေါ်ဆင်းသက်ခဲ့​သော်လည်း မြေပြင်နှင့်​အရိုန်ပြင်းစွာဆောင့်မိပြီး​ လေယာဥ် မီး​လောင်ကျွမ်းခဲ့သည်ဟု နိုင်ငံတကာ သတင်းများဖော်ပြမှုအရ သိရသည်။

 

အဆိုပါ ​လေယာဥ်​ပေါ်တွင် ခရီးသည် ၆၈ ဦးနှင့်​လေယာဥ်ဝန်ထမ်း ၄ ဦး လိုက်ပါစီးနင်းလာသည်ဟု သိရသည်။

 

ယင်းခရီးသည်များအနက် နီ​ပေါနိုင်ငံသား ၅၃ ဦး၊အိန္ဒိယ ၅ ဦး၊ ရုရှား ၄ ဦး၊ အိုင်းရစ် ၁ ဦး၊ ​တောင်ကိုရီးယား ၂ ဦး၊ အာဂျင်တီးနား ၁ ဦး၊ ပြင်သစ် ၁ ဦး ပါဝင်သည်။

credit photo & original uploader