နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နယ်စပ်ပြဿနာကြောင့် အထောက်အထားမဲ့ အလုပ်သမားများအတွက် ပန်းရောင်ကဒ် လုပ်ပေးခြင်းကို ထိုင်းအစိုးရက ယာယီရပ်ဆိုင်း

နယ်စပ်ပြဿနာကြောင့် အထောက်အထားမဲ့ အလုပ်သမားများအတွက် ပန်းရောင်ကဒ် လုပ်ပေးခြင်းကို ထိုင်းအစိုးရက ယာယီရပ်ဆိုင်း

Hsan Loi Editor
18/10/2025
Share:
လက်ရှိနယ်စပ်အခြေအနေက ထိလွယ်ရှလွယ်ဖြစ်နေတာကြောင့် အထောက် အထားမဲ့ အလုပ်သမားများအတွက် ဘတ်ရိုက် ခေါ် ပန်းရောင်ကဒ် ပြုလုပ်ပေးခြင်းကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအစိုးရက အောက်တိုဘာလ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။
အလုပ်သမားရှားပါးတဲ့ ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် စတဲ့ အထောက်အထားမဲ့ အလုပ်သမားများကို အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး နိုင်ငံခြားသားများ မှတ်ပုံတင်ခြင်းလုပ်ငန်း စတင်မယ်လို့ ကြေညာထားပြီး နောက်တစ်ရက်မှာပဲ ပန်းရောင်ကဒ် လုပ်ပေးခြင်းကို ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
နယ်စပ်အခြေအနေကြောင့် အလုပ်သမားပြဿနာ ကျယ်ကျယ်ပြန့်ပြန့်ဖြေရှင်းနိုင်ရန်အတွက် ပန်းရောင်ကဒ်လုပ်ပေးတဲ့ လုပ်ငန်းစဥ် ရွှေ့ဆိုင်းလိုက်တာဖြစ်ကာ ပန်းရောင်ကဒ် လျှောက်ထားသူအရေ အတွက် ၂ ဒသမ ၉ သန်းရှိတယ်လို့လည်း သိရပါတယ်။May be an image of text
ယခုလို လုပ်ငန်းစဥ် ရွှေ့ဆိုင်းလိုက်တဲ့အတွက် အထောက်အထားမဲ့ အလုပ် သမားများအနေဖြင့် အလုပ်အကိုင်ရရှိဖို့နဲ့ နေထိုင်သွားလာဖို့အတွက် အခက် အခဲဖြစ်စေနိုင်တယ်လို့ ထိုင်းရောက် မြန်မာတစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။
လက်ရှိမှာ ပန်းရောင်ကဒ်ပြုလုပ်ရန်အတွက် ငွေသွင်းခြင်း၊ လက်ဗွေနှိပ်ခြင်း၊ မျက်လုံး Scan ဖက်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ လဝကရုံးတွင် အချက် အလက် စစ်ဆေးခြင်းနဲ့ အခြားသော လုပ်ငန်းစဉ်များ အားလုံးကို ရပ်ဆိုင်းထားတယ်လို့ သိရပြီး သက်ဆိုင်ရာ ပွဲစားများထံ စရံငွေကြိုသွင်းထားတဲ့ အလုပ် သမားများအနေဖြင့် ငွေပြန်မရမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ပန်းရောင်ကဒ်ပြုလုပ်ပေးခြင်းလုပ်ငန်းကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားပြီး ပြန်လည်စတင်မယ့် ရက်ကို ထပ်မံအသိပေးကြေညာသွားမယ်လို့ ထိုင်းအစိုးက ထုတ်ပြန်ထားပါတယ်။