နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နယ်စပ်ဒေသအချို့မှာ တရားမဝင်ကုန်သွယ်ရေး ဖြစ်ပေါ်နေတာဟာ လက်နက်ကိုင်အဖွဲ့တွေကို ငွေပေးပြီး သွားလာသယ်ဆောင်နေကြလို့ သူခိုးဓားရိုးကမ်း လိုဖြစ်နေတယ်လို့ အာဏာသိမ်း ခေါင်းဆောင်ပြော

နယ်စပ်ဒေသအချို့မှာ တရားမဝင်ကုန်သွယ်ရေး ဖြစ်ပေါ်နေတာဟာ လက်နက်ကိုင်အဖွဲ့တွေကို ငွေပေးပြီး သွားလာသယ်ဆောင်နေကြလို့ သူခိုးဓားရိုးကမ်း လိုဖြစ်နေတယ်လို့ အာဏာသိမ်း ခေါင်းဆောင်ပြော

Hsan Loi Editor
02/11/2026
Share:
ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများနဲ့ ပတ်သက်ပြီး အချို့သော နယ်စပ်ဒေသတွေမှာ တရားမဝင် ကုန်သွယ်မှု များ ဖြစ်ပေါ်နေကာ လက်နက်ကိုင်အဖွဲ့များကို ငွေကြေးပေးပြီး သွားလာသယ်ဆောင်နေကြတာ ဖြစ်တဲ့ အတွက် သူခိုးဓားရိုးကမ်း သကဲသို့ ဖြစ်နေပြီး ရရှိလာတဲ့ ငွေကြေးတွေနဲ့ အင်အားတိုးချဲ့ တည်ဆောက် နေနိုင်ကြတာဟာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အဟန့်အတားဖြစ်စေတယ်လို့ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် က ပြောပါတယ်။
May be an image of one or more people, people studying, newsroom and text
ယမန်နေ့ အောက်တိုဘာ ၂၈ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုအစည်းအဝေးမှာ အာဏာသိမ်းခေါင်းဆောင်က အထက်ပါအတိုင်းပြောကြားခဲ့တာပါ။
တရားမဝင်လမ်းကြောင်းမှ ကုန်သွယ်မှုနဲ့ ငွေကြေးစီးဆင်းမှုတွေကို ထိရောက်စွာ တားဆီးပြီး အခွန်ဘဏ္ဍာဆုံးရှုံးမှု လျှော့ချဖို့နဲ့ တရားဝင် ကုန်သွယ်ရေးလမ်းကြောင်းများ မြှင့်တင်ပြီး ပြည်ပ စျေးကွက်သစ်များ ရှာဖွေရန်နဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ဖို့ ပြောကြားခဲ့ပါတယ်။
လက်ရှိနယ်စပ်ကုန်သွယ်မှုတွေဟာ ရာနှုန်းပြည့် အားကိုးလို့မရကြောင်း၊ တရားမဝင်ကုန်သွယ်မှု တွေကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခများ မရရှိတဲ့အပြင် နိုင်ငံသားများအနေဖြင့် လည်း အရည်အသွေးပြည့်မီမှု မရှိ၊ အာမခံချက်မရှိတဲ့ ပစ္စည်းများကို သုံးစွဲရနိုင်တယ်လို့ သူကပြောပါတယ်။
May be an image of video games and text
ဒါကြောင့် တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေဖို့ သက်ဆိုင်ရာ နယ်မြေဒေသများအလိုက် စနစ်တကျနဲ့ ဖော်ထုတ်တားဆီး ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုပြီး မိမိတို့နိုင်ငံရဲ့ အမျိုးသားအကျိုး စီးပွားကို ခိုင်ခိုင်မာမာ ကာကွယ်ဆောင်ရွက်ကြဖို့ သက်ဆိုင်ရာဝန်ကြီးတွေကို တိုက်တွန်းပြောကြားခဲ့ ပါတယ်။