နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နယ်စပ်ဒေသမှာ ဖြစ်ပေါ်နေတဲ့ တရားမဝင်လူကုန်ကူးမှုနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု ပပျောက်ရေးအတွက် ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ စစ်တပ် ဆွေးနွေး

နယ်စပ်ဒေသမှာ ဖြစ်ပေါ်နေတဲ့ တရားမဝင်လူကုန်ကူးမှုနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု ပပျောက်ရေးအတွက် ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ စစ်တပ် ဆွေးနွေး

Hsan Loi Editor
22/01/2025
Share:

 

နယ်စပ်ဒေသမှာ ဖြစ်ပေါ်နေတဲ့ တရားမဝင်လူကုန်ကူးမှုများနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပပျောက်ရေးအတွက် မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံစစ်တပ်အကြား ပူးပေါင်းဆောင်ရွက်သင့်တဲ့ ကိစ္စရပ်များ ဆွေးနွေးကြတယ်လို့ သိရပါတယ်။

 

ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်မှာ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Direk Bongkarn တို့က တွေ့ဆုံဆွေးနွေးခဲ့တာလို့ စစ်ကောင်စီ သတင်းဌာနများက ထုတ်ပြန်ထားပါတယ်။

 

ထိုင်းနိုင်ငံမှ မြန်မာရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းလှေနဲ့ လှေလုပ်သားများအပေါ် မြန်မာ နိုင်ငံမှ အရေးယူထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်လိုတဲ့ အစီအစဉ်များ၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးအတွက် သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ ကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်က ထိုင်းနိုင်ငံ ဘန်ကောက်မှ တဆင့် မြန်မာနိုင်ငံ မြဝတီဘက်သို့ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသား ရုပ်ရှင်သရုပ် ဆောင် တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ကယ်တင် ခဲ့ရပြီး နောက်ပိုင်း နယ်စပ်ဒေသက ကျားဖြန့်လုပ်ငန်းမှာ လူကုန်ကူးခံသူမရှိစေရေးနဲ့ အွန်လိုင်ငွေလိမ် ဂိုဏ်းများ နှိမ်နင်းရေးအတွက် ပြတ်ပြတ်သားသား လုပ်ဆောင်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။