နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နမ့်ဆန်မြို့နယ်ရှိ အုမ်းစွမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ

နမ့်ဆန်မြို့နယ်ရှိ အုမ်းစွမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ

Hsan Loi Editor
14/10/2025
Share:
TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဆန်မြို့နယ်ရှိ အုမ်းစွမ်ကျေးရွာတွင် ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၇ နာရီခွဲအချိန်က စစ်ကော်မရှင်တပ်မှ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
May be an image of lumberyard
စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလူထု ထိခိုက်သေဆုံးမှုရှိသလို မူကြိုကျောင်းအပါအဝင် နေအိမ် ၈ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
May be an image of text that says 'တိုင်ပွေးလေးဆဒါ ဗွေးလေး ลองไว้ E O'
ယမန်နေ့ကလည်း နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာကို ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက် တာကြောင့် အရပ်သား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် ၂ ဆောင်နဲ့ နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်မရှင်တပ်ဟာ TNLA ထိန်းချုပ်ဒေသအတွင်းရှိ မြို့ရွာများကို လေကြောင်းအပြင် ဒရုံးနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်လာပြီး ၂ ပတ်အတွင်း အရပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
photos_Credit