နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၁)ဦးသေဆုံးပြီး နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီ

နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၁)ဦးသေဆုံးပြီး နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီ

Hsan Loi Editor
13/08/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် ယမန်နေ့ သြဂုတ်လ (၁၂)ရက်နေ့ ညအချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် အရပ်သား(၁)ဦးသေဆုံးပြီး နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးကြောင်း သိရသည်။

 

စစ်ကောင်စီက (၃)ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့၊ မြို့လယ်ရပ်ကွက်ရှိ EPC ရုံးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုရုံးဝန်းရှိ အသက်(၃၀) အရွယ် ဒေသခံ(၁)ဦး သေဆုံးသွားကာ (၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PSLF/TNLA က သတင်းထုတ်ပြန်ထားပါသည်။

 

EPC ရုံးဝန်းအတွင်းရှိ ထရန်စဖော်မာစက်များထိခိုက်ပျက်စီးသွားပြီး ထိုအနီးဝန်းကျင်ရှိ မြို့မဂိုဏ်းချုပ်ကျောင်းနှင့် ဒေသခံနေအိမ်အဆောက်အဦး(၅)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။

 

ပြီးခဲ့သည့် သြဂုတ်လ(၆)ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အား စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံ(၆)ဦး သေဆုံးကာ၊ (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နှင့် ဆိုင်ခန်းပေါင်း(၄၀၀) ကျော် လည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရပါသည်။