နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နမ့်ခုတ်ချောင်း ရေကြီးမှုကြောင့် ပျက်စီးသွားသည့် မိုင်းဆတ်မြို့ဝင် ဆိုက်ခေါင်တံတားကို ယာယီဘေလီတံတားပြန်လည်တည်ဆောက်နေ

နမ့်ခုတ်ချောင်း ရေကြီးမှုကြောင့် ပျက်စီးသွားသည့် မိုင်းဆတ်မြို့ဝင် ဆိုက်ခေါင်တံတားကို ယာယီဘေလီတံတားပြန်လည်တည်ဆောက်နေ

Hsan Loi Editor
11/11/2024
Share:

 

ရေကြီးမှုကြောင့် ပျက်စီးသွားသည့် သျှမ်းပြည် နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ဝင် နမ့်ခုတ်ချောင်းကူး ဆိုက်ခေါင်တံတားကို ယာယီဘေလီတံတားအဖြစ် ပြန်လည်တည်ဆောက်ကာ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်‌ကြောင်း သိရသည်။

 

အဆိုပါ တံတားသည် တောင်ကြီး-မိုင်းဆတ်- တာချီလိတ် သွားလမ်းပေါ်မှာတည်ရှိပြီး ပြီးခဲ့သည့် စက်တင် ဘာလ(၁၀)ရက်နေ့က မိုးသည်ထန်စွာ ရွာသွန်းပြီး နမ့်ခုတ်ချောင်း ရေကြီးရေလျှံဖြစ်ပေါ်မှုကြောင့် ဆိုက်ခေါင် RC ကွန်ကရစ်တံတား ပျက်စီးသွားကာ ယာယီဘေလီတံတား ပြန်လည်တည်ဆောက်ထားတာဖြစ်ပြီး ယာယီတံတား ဆောက်လုပ်မပြီးခင်မှာ ပြန်လည်ကျိုးကျပျက်စီးသွားကြောင်း သိရသည်။

 

 

” အခုဆောက်တဲ့တံတားက ဒုတိယအကြိမ်မြောက် ယာယီဘေလီတံတားဖြစ်ပါတယ်၊ တံတားအရှည်က (၁၅၀)ပေ၊ အကျယ်(၁၅)ပေလောက်ရှိမယ်၊ တံတားတည်ဆောက်ပေးတဲ့သူလည်း မနားမနေဆောက်လုပ်ပေးလို့ မကြာခင် အဆင်ပြေပြေနဲ့ ဖြတ်သန်းသွားလို့ရတော့မယ်” လို့ ဒေသခံတစ်ဦးကပြောသည်။

 

အဆိုပါ ယာယီတံတားတည်‌ဆောက် ပြီးစီးပါက ဒေသခံများအနေဖြင့် တောင်ကြီး-မိုင်းဆတ်- တာချီလိတ် သို့ ကုန်သွယ်မှု ပိုမိုလွယ်ကူမြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။