နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နမ့်ခမ်း ယမ်းသိုလောင်ရုံပေါက်ကွဲမှုကြောင့် ပြည်သူ ၅၅ ဦး သေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရတဲ့အပေါ် တာဝန်ခံမှု တာဝန်ယူမှုအပြည့်ရှိရန် TNLA ခေါင်းဆောင်များကို တအာင်းပြည်ကောင်စီ တိုက်တွန်း

နမ့်ခမ်း ယမ်းသိုလောင်ရုံပေါက်ကွဲမှုကြောင့် ပြည်သူ ၅၅ ဦး သေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရတဲ့အပေါ် တာဝန်ခံမှု တာဝန်ယူမှုအပြည့်ရှိရန် TNLA ခေါင်းဆောင်များကို တအာင်းပြည်ကောင်စီ တိုက်တွန်း

Hsan Loi Editor
02/06/2026
Share:
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ဖြစ်ပွားတဲ့ ယမ်းသိုလောင်ရုံ ပေါက်ကွဲ မှုကြောင့် ပြည်သူ ၅၅ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရတဲ့အပေါ် တာဝန်ခံမှု တာဝန်ယူမှု အပြည့်ရှိရန် PSLF/TNLA ခေါင်းဆောင်များကို တအာင်းပြည်ကောင်စီက တိုက်တွန်းထားပါတယ်။
ယမန်နေ့ မေလ ၃၁ ရက် နေ့လယ် ၁၂ ခွဲအချိန်ခန့်က နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာမှာရှိတဲ့ ယမ်းသိုလောင်ရုံ ပေါက်ကွဲပြီး ပြည်သူအစုလိုက်အပြုံလိုက် သေဆုံးကာ ဘုန်းကြီးကျောင်း၊ လူနေအိမ်နဲ့ အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ယခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ PSLF/TNLA ခေါင်းဆောင်များအနေနဲ့ ပေါက်ကွဲမှု ဖြစ်စဥ် အကြောင်းရင်းအမှန်ကို အသေးစိတ် စုံစမ်းစစ်ဆေးပြီး ဖြစ်စဥ်အပေါ် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိရန်နဲ့ တာဝန်ရှိသူတွေ ပါဝင်ပတ်သက်သူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးဖို့ တအာင်းပြည်ကောင်စီ(TLC) က တိုက်တွန်းထားပါတယ်။
May be an image of text that says 'HYUNDAI 백심'
ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ကျေးရွာအတွက် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးဖို့နဲ့ မည်သည့်ကိစ္စရပ်မျိုးကိုမဆို ပြုလုပ်ပါက ပြည်သူလူထု အန္တရာယ် ကင်းရှင်းရေးနဲ့ လုံခြုံရေးအား အထူးဂရုပြုလုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားတဲ့ ယမ်းပျော့တွေဟာ PSLF/TNLA ရဲ့ စီးပွားရေးဌာနမှ မိုင်းတွင်း ကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ သိုလောင်ထားတဲ့ပစ္စည်းတွေ ဖြစ်တယ်လို့ TNLA ကဝန်ခံထားပါတယ်။
TNLA ရဲ့ ပေါက်ကွဲစေတတ်တဲ့ ယမ်းပစ္စည်းသိုလှောင်ရုံကို ပြည်သူတွေ အန္တရာယ်ကင်းဖို့ လူနဲ့ ဝေးတဲ့နေရာမှာ မထားဘဲ လူနေရပ်ကွက်အတွင်းမှာ ထားရှိတဲ့အတွက် ယခုလို လူတွေ အစုလိုက် အပြုံလိုက် သေဆုံးသွားတာဖြစ်ပြီး တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ဒေသခံ ပြည်သူတွေက တောင်းဆိုထားပါတယ်။
May be an image of one or more people and grass
နမ့်ခမ်းမြို့နယ်ကို တအာင်းတပ် TNLA က ထိန်းချုပ်ထားတာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တဲ့ ကောင်းတပ်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ခန့်ရှိပြီး တအာင်းပလောင်နဲ့ ကချင်တိုင်းရင်းသား အများဆုံး နေထိုင်ကြတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။
Photo – credit to owne