နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နမ့်ခမ်းမြို့အား စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ် ဒေသခံပြည်သူအဆောက်အအုံများ ထိမှန်ပြီး မိဘပြည်သူများသေဆုံးမှုရှိ

နမ့်ခမ်းမြို့အား စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ် ဒေသခံပြည်သူအဆောက်အအုံများ ထိမှန်ပြီး မိဘပြည်သူများသေဆုံးမှုရှိ

Hsan Loi Editor
02/12/2023
Share:

 

ယမန်နေ့ (၁.၁၂.၂၀၂၃) ရက်နေ့ ညပိုင်း (၉:၃၀) ခန့်ကစတင်၍ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သလို ပြည်သူလူထုများနေထိုင်သော လူနေရပ်ကွက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

 

“ မနေ့မနက်ပိုင်းကတည်းက စစ်တပ်ဘက်ကနေ နမ့်ခမ်းမြို့ နမ့်ခမ်းဖောင်ရပ်ကွက်နဲ့ ဟိုနောင်ရက်ကွက်ဖက်ကို ဗုံးကြဲချသွားတယ်။ ပြည်သူလူထုနေအိမ် (၈) လုံးလောက် ဗုံးစာထိမှန်ပြီး ပျက်စီးတယ်။ လူတစ်ဦးသေဆုံးခဲ့ရပြီးတော့ ဒဏ်ရာရရှိတဲ့သူတွေလည်းရှိတယ်။ ညပိုင်း(၉) နာရီကျော်လောက်မှာလည်း စစ်ကောင်စီလေယာဉ်တွေ ထပ်ရောက်လာပြီး နောင်စန့်ရပ်ကွက် နောင်မိုရပ်ကွက်နဲ့ ဟိုကတ်ရပ်ကွက်ဘက်တွေမှာ ဗုံးထပ်ကြဲသွားတယ်။ အဲ့ဒီမှာလည်း ပြည်သူနေအိမ်အမြောက်အများ ထိပြီးတော့ လူတစ်ဦးထပ်သေသွားသေးတယ်။” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောပြသည်။

 

ထိခိုက်ဒဏ်ရာရသူများသည် တရုတ်မြန်မာနယ်စပ် ကျယ်ခေါင်မြို့တွင် ဆေးကုသခံယူရလျက်ရှိသည်။ ယနေ့ နံနက်ပိုင်းတွင် တရုတ်အစိုးရဘက်မှ တရုတ်-မြန်မာ နယ်စပ် ကျယ်ခေါင်မြို့အနီး နေထိုင်သူများအား ရွှေလီမြို့သို့ ရွေ့ပြောင်းလာရန် တိုက်တွန်းထားသည်။

 

မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို-ကျောက်မဲ-သီပေါ-လားရှိုး-သိန္နီ-ကွတ်ခိုင်-မူဆယ်-နမ့်ခမ်းအထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ အခြားတစ်ဖက်တွင်လည်း လားရှိုးမြို့နယ်ရှိ စဉ့်အင်တံတားသည်လည်း ယမန်နေ့က ကျိုးကျပျက်စီးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။