နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဒေါ်အောင်ဆန်းစုကြည် လွတ်ငြိမ်းချမ်းသာခွင့်သည် “ သူမ အပေါ်သာ မူတည်တယ် ”  ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

ဒေါ်အောင်ဆန်းစုကြည် လွတ်ငြိမ်းချမ်းသာခွင့်သည် “ သူမ အပေါ်သာ မူတည်တယ် ” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

Hsan Loi Editor
28/09/2026
Share:

ဒေါ်အောင်ဆန်းစုကြည် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနှင့် ပတ်သက်၍ ပြန်လည်စဉ်းစားဖို့ အကြောင်းပြချက် ဒါမှမဟုတ် အခြေအနေပေါ် မူတည်၍ ပြန်လည်စဉ်းစားပေးနိုင်ပြီး (သူမ) ဒေါ်အောင်ဆန်းစုကြည် အပေါ်သာ မူတည်ကြောင်း စစ်ခေါင်းဆောင်သမ္မတ ဦးမင်းအောင်လှိုင် ကပြောသည်။

” ကျွန်တော်တို့က အနာဂတ်ကြိုမမြင်နိုင်ဘူး ဘာဖြစ်မလဲမပြောနိုင်ဘူး၊ သူ့ရဲ့လုပ်ဆောင် ချက်အပေါ် မူတည်ပြီး လျော့ပေါ့စဥ်းစားရမယ့် အချက်တွေ ပေါ်လာရင်လဲ ကျွန်တော်တို့ စဥ်းစားမှာပဲ၊ ဒါလဲ သူမ အပေါ်မူတည်မယ် ” ဟု ၄င်းကပြောသည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ အမေရိကန်အခြေစိုက် Time Magazine မှ သတင်းထောက် Charlie Campbell နှင့် စစ်ခေါင်းဆောင်သမ္မတ ဦးမင်းအောင်လှိုင် တို့ အင်တာဗျူးတွင် ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ဦးမင်းအောင်လှိုင် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်အမင်းသက်ညှာပေးထားကာ အကျဥ်းထောင်တွင်မထားပဲ နေအိမ်တွင် သက်တောင့်သက်သာ ဖြင့် ပြစ်ဒဏ်ချမှတ်ထားသည်ဟုလည်းဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန် ကတည်းက ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအမှုများစွာနှင့်နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပြီး၂၀၂၆ ခုနှစ် ဧပြီလအတွင်း စစ်ခေါင်းဆောင်မှ ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ပြီး နောက်ပိုင်းတွင် နေပြည်တော်အကျဉ်းထောင်မှ သတ်မှတ်ထားသည့် နေအိမ်တစ်ခုတွင် ကျန်ပြစ်ဒဏ်ကို ဆက်လက်ကျခံစေရန် ပြောင်းရွှေ့ထားသည်။

photo credit online