သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် အာဆီအလှည့်ကျဥက္ကဋ္ဌ တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် အာဆီအလှည့်ကျဥက္ကဋ္ဌ တိုက်တွန်း

Hsan Loi Editor
21/04/2026
Share:
ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံခြားရးဝန်ကြီးက ဧပြီလ ၁၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး မကောင်းသူတွေကိုပါ လွှတ်ပေးဖို့ အဓိကအရေးကြီး လိုအပ်ချက်ဖြစ်ပြီး ဒါဟာ သက်ဆိုင်သူ အားလုံးပါဝင်မယ့် အဓိပ္ပာယ်ရှိတဲ့ အမျိုးသားဆွေးနွေးပွဲနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့အတွက်လည်း အထောက်အကူဖြစ်စေနိုင်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးက ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၇ နေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူ နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွှတ်ပေးဖို့ ကုလသမဂ္ဂ က တိုက်တွန်းထားပါတယ်၊
လက်ရှိအချိန်အထိ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည် အား ဘယ်နေရာမှာ ထိန်းသိမ်းချုပ်နှောင် ထားတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုထားတာမရှိသလို ပြည်သူတွေအနေနဲ့လည်း ဒေါ်အောင်ဆန်း စုကြည် ရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်နေကြပါတယ်။