ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

ဒေသခံပြည်သူနဲ့ တွေ့ဆုံရန် ခိုလမ်မြို့ကို ရောက်ရှိနေတဲ့ RCSS ဥက္ကဌကြီးနဲ့အဖွဲ့အား စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်းခြိမ်းခြောက်

ဒေသခံပြည်သူနဲ့ တွေ့ဆုံရန် ခိုလမ်မြို့ကို ရောက်ရှိနေတဲ့ RCSS ဥက္ကဌကြီးနဲ့အဖွဲ့အား စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်းခြိမ်းခြောက်

Hsan Loi Editor
28/05/2026
Share:
ယမန်နေ့ မေလ (၂၇)ရက် နံနက်(၁၀:၀၅) နာရီအချိန်မှာ ဒေသခံပြည်သူလူထုတွေနဲ့ တွေ့ဆုံဖို့ သျှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်၊ ခိုအွတ်ကျေးရွာ အုပ်စု၊ ဝမ့်နန်းကျေးရွာသို့ ရောက်ရှိနေတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နဲ့အဖွဲ့အား စစ်ကောင်စီမှ တိုက် လေယာဉ် တစ်စင်းနဲ့ အနီးကပ်ပျံသန်း ခြိမ်းခြောက်မှုပြုလုပ်ခဲ့တယ်လို့ RCSS/SSA ရဲ့ သတင်းပြန်ကြားရေးဌာနဖြစ်တဲ့ Tai Freedom ထံမှ သိရပါတယ်။
May be an image of slow loris
RCSS ဥက္ကဌ ဟာ မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာမှာ ကျင်းပတဲ့ စေတီထီးတော်တင်ပွဲ ပြုလုပ်အပြီး ၎င်းတို့ ထိန်းချုပ်နယ်မြေဒေသများအတွင်းရှိ ဒေသခံပြည်သူလူထုများနဲ့ တွေ့ဆုံဖို့အတွက် ခိုလမ်မြို့နယ်၊ ခိုအွတ်ကျေးရွာအုပ်စု၊ ဝမ့်နန်းကျေးရွာသို့ မေလ (၂၆) ရက်နေ့က ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။
မေလ(၂၇)ရက်နေ့ နံနက်(၁၀:၀၅) နာရီအချိန်မှာ (နမ့်စန်လေတပ်မှ လို့ယူဆရသော) စစ်ကောင်စီ တိုက်လေယာဉ်တစင်းက အဲ့ဒီ ဝမ့်နန်းရွာအနီးသို့ ၆ ကြိမ်တိုင်တိုင် အနီးကပ် ပျံသန်းမှု ပြုလုပ်သွားခဲ့တယ်လို့ဆိုပါတယ်။
အစပိုင်းမှာ ဝမ့်နန်းကျေးရွာအထက်ဝေဟင်မှ ခပ်လှမ်းလှမ်း လှည့်ပတ်ပျံသန်း သော်လည်း နောက်ပိုင်းမှာ တဖြည်းဖြည်း
အနီးကပ် ချဉ်းကပ်ပျံသန်းကာ ခြိမ်းခြောက်တဲ့ပုံစံနဲ့ ပြသသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာလေ့ကျင့်ပျံသန်းမှုဘဲလို့ စစ်ကောင်စီကဘက်က ပြန်လည်ချေပပြောဆိုထားပေမယ့် လက်တွေ့ မှာတော့ လေ့ကျင့်ပျံသန်းမှု ပုံသဏ္ဍာန် လုံးဝမရှိပဲ တမင်သက်သက်ခြိမ်းခြောက်မှုကို ပြသတဲ့ စော်ကားပျံသန်းမှု တစ်ရပ်မျှသာဖြစ်တယ်လို့ မျက်မြင်တွေက သတင်းရင်းမြစ်ကို ပြောဆိုထားပါတယ်။
May be an image of slow loris and blimp
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး RCSS ဥက္ကဌက နိုင်ငံတော်အဆင့်ငြိမ်းချမ်းရေး သဘောတူညီချက်များကို ထောက်ရှု၍လည်းကောင်း၊ ယခုခရီးစဉ်မှာ မိမိတို့ အုပ်ချုပ်ရေးနယ်မြေတွင်း ဒေသခံတိုင်းရင်းသား ပြည်သူများအား တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်သာဖြစ်တဲ့အတွက် မည်သည့်စစ်ရေး ပြင်ဆင်ချက်မျှ ပြုလုပ် မထားခြင်းတို့ကြောင့် စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကို တစုံတရာ တုန့်ပြန်ခဲ့တာမရှိဘူးလို့ Tai Freedom သို့ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရဲ့ ရက်(၁၀၀) ငြိမ်းချမ်းရေးစီမံချက်ကို တရားဝင် ကမ်းလှမ်း ထားပေမယ့် ယခုလိုငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေကြောင့် နှစ်ဦးနှစ်ဖက် အကြား ယုံကြည်နားလည်မှုတွေကိုပါ ထိခိုက်ပျက်စီးစေနိုင်တယ်လို့ RCSS ဥက္ကဌ က ဖြည့်စွက်ပြောဆို သွားတယ်လို့ သိရပါတယ်။
Source&Photo-Tai Freedom