နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဒရုန်းအစီးရေ ၃၀ခန့်ဖြင့် နေပြည်တော် အေလာလေတပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း စစ်ရေးသတင်းရင်းမြစ်များ ထုတ်ပြန်

ဒရုန်းအစီးရေ ၃၀ခန့်ဖြင့် နေပြည်တော် အေလာလေတပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း စစ်ရေးသတင်းရင်းမြစ်များ ထုတ်ပြန်

Hsan Loi Editor
04/04/2024
Share:

 

စစ်ကောင်စီ​၏ ဌာနချုပ်ဖြစ်သော နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ကာမီကာဇေ ဒရုန်း (၃၀) ခန့်ဖြင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ယနေ့ ဧပြီလ(၄)ရက်နေ့ မနက်ပိုင်းတွင် တပြိုင်နက်ထဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း)တည်ရှိရာနှင့် အေလာလေတပ်တို့ကို ယနေ့တွင် ဒရုန်းများဖြင့်တပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်း ၊ ထိခိုက်မှုများရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က အသိပေးထုတ်ပြန်ထားသည်။

ယင်းသို့ တိုက်ခိုက်ခံရမှု နှင့်ပတ်သက်ပြီး စစ်ကောင်စီကလည်း အတည်ပြုထားပြီး ထိခိုက်မှုမရှိဘဲ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းများကို ပစ်ချနိုင်ခဲ့ကြောင်းတုံ့ပြန်သည်။

နေပြည်တော်လေဆိပ်သို့ ပြန်သန်းလာသည့် ဒရုန်း လေးစီးနှင့် ဇေယျာသီရိမြို့နယ် ပျံသန်းလာသော ဒရုန်းသုံးစီး စုစုပေါင်း ၇စီးကို ပစ်ချနိုင်ခဲ့ပြီး လူနှင့်အဆောက်အဦး ထိခိုက်မှုမရှိဟု စစ်ကောင်စီက ဆိုသည်။

ယင်းနှင့်ပတ်သက်၍ စစ်ရေးသတင်းရင်းမြစ်က ဒရုန်းအစီး ၃၀ကျော် အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်ထားတိုက်ခိုက်ရာတွင် စစ် ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်​၏ နေအိမ်လည်းပါဝင်သည်ဟု ပြောသည်။

အဆိုတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ ​၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကို တိုက်ခိုက်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့​၏ Lethal Prop တပ်ခွဲက အေလာလေတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။