ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

ထိုင်းအစိုးရအဖွဲ့က နိုင်ငံပေါင်း ၉၀ ကျော်အတွက် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို ရက်ပေါင်း ၃၀ အဖြစ်သို့ ပြန်လည်ပြောင်းလဲ အတည်ပြု

ထိုင်းအစိုးရအဖွဲ့က နိုင်ငံပေါင်း ၉၀ ကျော်အတွက် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို ရက်ပေါင်း ၃၀ အဖြစ်သို့ ပြန်လည်ပြောင်းလဲ အတည်ပြု

Hsan Loi Editor
20/05/2026
Share:

နိုင်ငံပေါင်း ၉၀ ကျော်အတွက် ပေးအပ်ထားတဲ့ ရက် ၆၀ ဗီဇာ ကင်းလွတ်ခွင့် အစီအစဉ်ကို ဖျက်သိမ်းဖို့ ထိုင်းနိုင်ငံ အစိုးရအဖွဲ့က ယနေ့ မေလ ၁၉ ရက်မှာ အတည်ပြုလိုက်ပြီဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ယခုဆုံးဖြတ်ချက်ဟာ ရက် ၆၀ အစီအစဥ် မကျင့်သုံးမီက ရှိခဲ့တဲ့ လူဝင်မှု ကြီးကြပ်ရေးရဲ့ ယခင် သတ်မှတ်ချက်အတိုင်း ပြန်လည်ပြောင်းလဲသွားမှာဖြစ်ကာ အဓိကအားဖြင့် ဗီဇာမလိုဘဲ နေထိုင်ခွင့် ကာလကို ရက်ပေါင်း ၃၀ သို့ ပြန်လည်ကန့်သတ်သွားမှာ ဖြစ်တယ်လို့ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဆူရာဆပ် ဖန်ချာရွန်ဝမ်ရာကူလ် (Surasak Phancharoenworakul) က ပြောပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေနဲ့ ရေရှည် ဗီဇာကင်းလွတ်ခွင့်တွေကို အလွဲသုံးစားလုပ်ပြီး တရားမဝင် အလုပ်လုပ်ကိုင်တာ (ဒါမှမဟုတ်) ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုတွေ ပြုလုပ်လာကြတဲ့ အတွက်ကြောင့် ယခုလို ဆုံးဖြတ်ချက် ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။

ယခုအပြောင်းအလဲ စတင်အသက်ဝင်မယ့်ရက်ကိုတော့ ဝန်ကြီး ဆူရာဆပ် က ထုတ်ဖော်ပြောကြားတာ မရှိဘဲ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ယခုကိစ္စနဲ့ သက်ဆိုင်တဲ့ အေဂျင်စီအားလုံးထံ လွှဲပြောင်းပေးသွား မယ်လို့သာ ပြောကြားခဲ့တာပါ။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေနှင့်ပြီးသော သို့မဟုတ် မူဝါဒအသစ် မကျင့်သုံးမီ ရောက်ရှိလာမယ့် နိုင်ငံခြားသား ခရီးသွားတွေကိုတော့ ၎င်းတို့က ခွင့်ပြုထားတဲ့ သက်တမ်းကုန်ဆုံးသည်အထိ လက်ရှိ ဗီဇာစည်းကမ်းချက်များအတိုင်း ဆက်လက်နေထိုင်ခွင့်ပြုမယ်လို့ သိရပါတယ်။


Ref: The Thaiger