နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ထိုင်းအစိုးရထီ၏ အမြင့်ဆုံးဆု ဘတ်(၆)သန်းကို မြန်မာရွှေ့ပြောင်းအလုပ်သမား ဇနီးမောင်နှံနှစ်ဦး ဆွတ်ခူးရရှိ

ထိုင်းအစိုးရထီ၏ အမြင့်ဆုံးဆု ဘတ်(၆)သန်းကို မြန်မာရွှေ့ပြောင်းအလုပ်သမား ဇနီးမောင်နှံနှစ်ဦး ဆွတ်ခူးရရှိ

Hsan Loi Editor
02/09/2024
Share:

 

ယမန်နေ့ စက်တင်ဘာလ(၁)ရက်နေ့မှာ ဖွင့်လှစ်သွားတဲ့ ထိုင်းအစိုးရထီမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ဇနီးမောင်နှံနှစ်ဦးက ထိုင်းအစိုးရထီ ဘတ် (၆) သန်း ဆုပေါက်ကာ ကံထူးရှင်အဖြစ် ဆွတ်ခူးရရှိသွားတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေတဲ့ M.H.A.C မဟာမိတ်အဖွဲမှ ကိုရဲမင်း ထံမှ သိရပါသည်။

အဆိုပါဇနီးမောင်နှံနှစ်ဦးဟာ ထီကို ဘတ် ၁၀၀၀ ဖိုး ၁၀ စောင် ထိုးခဲ့တာဖြစ်ပြီး အဲဒီ ထီ ၁၀ စောင်ထဲက တစ်စောင်က ထိုင်းနိုင်ငံ၏ အမြင့်ဆုံးထီဆုဖြစ်တဲ့ ဘတ်(၆)သန်းဆုကို (၁၉၉၆၀၆)ဂဏန်းဖြင့် ပေါက်ခဲ့တာဖြစ်တယ်လို့ သိရပါသည်။

ထီဆုပေါက်သူ ဇနီးမောင်နှံနှစ်ဦး၏ အကူအညီတောင်းခံလာမှုကြောင့် ကိုရဲမင်း ဦးဆောင်တဲ့ M.H.A.C မဟာမိတ်အဖွဲ့မှ ဆုငွေကို နေ့ချင်းပြီးထုတ်ယူပေးခဲ့ ယနေ့ စက်တင်ဘာလ ၂ ရက် နေ့လယ်ပိုင်းက သက်ဆိုင်ရာ ဘဏ်ကိုသွားရောက်ပြီး ဆုငွေ ဘတ် ၆ သန်း ထုတ်ယူကာ ကာယကံရှင် ဇနီးမောင်နှံနှစ်ဦး၏ လက်ဝယ်သို့ ပေးအပ်ခဲ့တယ်လို့ သိရပါသည်။

ကံထူးရှင် ဇနီးမောင်နှံနှစ်ဦးသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ကနေ ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်မှာရှိတဲ့ အထည်ချုပ်စက်ရုံတစ်ခုမှာ သွားရောက်အလုပ်လုပ်ကိုင်နေတာ (၈) နှစ်ခန့်ရှိပြီဖြစ်တယ်လို သိရပါသည်။

ပြီးခဲ့သည် သြဂုတ်လ(၁)ရက်နေ့ကလည်း ကရင်ပြည်နယ် မြဝတီ ကနေ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် မောင်နှမနှစ်ဦးလည်း ထိုင်းထီနှစ်စောင်တွဲ စပ်တူထိုးရာကနေ ထီပေါက်ရာ ဘတ်(၁၂)သန်း ဆွတ်းခူးရရှိကြောင်း သိရှိရပါသည်။