နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ထိုင်းရောက် မြန်မာ၊ သျှမ်း၊ ပအိုဝ်း၊ ကရင်၊ ရခိုင်၊ ဂေါ်ရခါး လုပ်သမားများအားလုံး MOU အလုပ်လုပ်ခွင့် လျှောက်ထားကြရန် ထိုင်းအလုပ်သမားရေးရာဌာနက ကြေညာထား

ထိုင်းရောက် မြန်မာ၊ သျှမ်း၊ ပအိုဝ်း၊ ကရင်၊ ရခိုင်၊ ဂေါ်ရခါး လုပ်သမားများအားလုံး MOU အလုပ်လုပ်ခွင့် လျှောက်ထားကြရန် ထိုင်းအလုပ်သမားရေးရာဌာနက ကြေညာထား

Hsan Loi Editor
11/07/2023
Share:

 

ထိုင်းရောက်နေသော မြန်မာပြည် တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးက ရွှေ့ပြောင်းအလုပ်သမားများ MOU ခေါ် အလုပ်လုပ်ခွင့်ဗီဆာနှင့် ပတ်စ်ပို့များကို ဇူလိူင်လအတွင်း အပြီးသတ် လျှောက်ထားကြရန် ထိုင်းအလုပ်သမားရေးရာဌာနက နိူးဆော်ထားကြောင်း မြန်မာနှင့် သျှမ်းရွှေ့ပြောင်းအလုပ်သမားများကို ကူညီပံ့ပိုးပေးနေသည့် အန်ဂျီအိုအဖွဲ့တခုထံက သိရသည်။

“ ကိုယ်တိုင်လုပ်ရင် ပုံမှန်ပေါ့ အရင်တုန်းက (ဗီဆာ+ပတ်စ်ပို့ ၂ မျိုးစလုံးကို) ဘတ် ၇ ထောင်နဲ့ ၈ ထောင့်ငါးရာ ကြားမှာ ရှိတယ်၊ ပွဲစားနဲ့လုပ်မယ်ဆိုရင်တော့ စေ◌ျးက ဘတ် ၁ သောင်းနဲ့ ၁ သောင်းခွဲကြား လောက် ရှိမယ်၊ ဒီတခေါက်တော့ အသေးစိတ်မသိသေးဘူး သူတို့ မကြေညာသေးဘူး၊ ဗီဆာကတော့ ၁ နှစ်ပေးတယ်၊ အလုပ်လုပ်ခွင့်ကတော့ ၂ နှစ်တကြိမ် သက်တမ်းတိုးခိုင်းတဲ့အုပ်စုတွေလည်း ရှိတယ်” ဟု ထိုင်းအခြေစိုက် မြန်မာနှင့် သျှမ်းရွှေ့ပြောင်းအလုပ်သမား ကူညီပံ့ပိုးရေးအဖွဲ့တခုက ပြောပါသည်။

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းရောက်နေပြီး အလုပ်လုပ်ကိုင်ခွင့်ဗီဆာနှင့် ပတ်စ်ပို့ တကြိမ်တခါမှ မလျှောက်ရသေးသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားအားလုံး အကျုံးဝင်ကြောင်း ပြောပါသည်။

သို့သော် ထိုင်းနိုင်ငံသား အလုပ်ရှင်တဦးဦး ရှိထားရန် လိုအပ်သည်ဟု သိရပါသည်။

မိမိတို့နေထိုင်ရာ မြို့နယ်ရှိ အလုပ်သမားရေးရာရုံး (သို့မဟုတ်) လုပ်ပိုင်ခွင့်ရ ကုမ္ပဏီထံသို့ ယခု ဇူလိူင်လကုန်ရက် နောက်ဆုံး ဖောင်ဖြည့် စာရင်းသွားသွင်းရမည်ဟု သိရသည်။