နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ တရားမဝင် ငွေကြေးကောက်ခံမှုနဲ့ စစ်ကောင်စီရဲ့ ၂ ရာခိုင်နှုန်း အခွန်ပေးဆောင်ရတဲ့ကိစ္စကို ထိုင်းအစိုးရက ကြီးကြပ်ပေးရန် ပြည်သူ့ပါတီက တိုက်တွန်း

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ တရားမဝင် ငွေကြေးကောက်ခံမှုနဲ့ စစ်ကောင်စီရဲ့ ၂ ရာခိုင်နှုန်း အခွန်ပေးဆောင်ရတဲ့ကိစ္စကို ထိုင်းအစိုးရက ကြီးကြပ်ပေးရန် ပြည်သူ့ပါတီက တိုက်တွန်း

Hsan Loi Editor
05/11/2026
Share:

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဆီကနေ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ပြုလုပ်ပေးနေတဲ့ စင်တာတွေမှာ အခွန်နှစ်ထပ်ပေးဆောင်နေရတာတွေ စစ်ကောင်စီရဲ့ အခွန်အဖြစ် ၂ ရာခိုင်နှုန်း ကောက်ခံနေတာတွေကို အစိုးရက ပြန်လည်ကြီးကြပ်ပေးဖို့ ထိုင်းပြည်သူ့ပါတီက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့က ဘန်ကောက်မြို့ရှိ လွှတ်တော်မှာ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရှင်များနဲ့ ပြည်သူ့ပါတီ တို့ တွေ့ဆုံစဥ် အလုပ်ရှင်အဖွဲ့ ကိုယ်စားပြု Nilubon Pongpayom က မြန်မာအလုပ်သမားတွေဟာ မြန်မာစစ်တပ်အစိုးရထံ လစဥ် ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်း ကို အခွန်အဖြစ် ပေးဆောင်နေရပြီး အလုပ်သမားတစ်ဦးမှာ စုစုပေါင်း ဘတ် ၆,၀၀၀ နီးပါးအထိ ပေးဆောင်နေရကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တရားဝင်ကြေးပေးသွင်းပြီး ချိန်းဆိုထားပေမဲ့ ပွဲစားများက တန်းစီခဟုဆိုကာ ဘတ် ၁,၃၅၀ ကနေ ၁,၅၀၀ အထိ ထပ်မံတောင်းခံနေကြသလို ၎င်းငွေကြေးမပေးပါက CI လျှောက်ထားမှုကို ဆက်လက်လုပ်ခွင့်မရဘဲ True Money နဲ့ 7-Eleven တွေကနေတဆင့် လျှို့ဝှက်တန်းစီခအဖြစ် ငွေလွှဲပို့ခဲ့ရကာ အကျင့်ပျက်ခြစားမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ အခွန်ပေးဆောင်နေရပြီးဖြစ်တာကြောင့် မြန်မာဘက်က ထပ်မံ အခွန်ကောက်ခံတာဟာ အခွန်နှစ်ထပ်ပေးဆောင်ရတဲ့ အခြေအနေကို ဖန်တီး နေတာဖြစ်ပြီး ယင်းကုန်ကျစရိတ် မတတ်နိုင်ပါက အလုပ်ရှင်တွေက စိုက်ထုတ်ပေး နေရတာကြောင့် အလုပ်သမားတွေရော အလုပ်ရှင်တွေ အတွက်ပါ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ ၎င်းက ထောက်ပြပါတယ်။

ဒီအခြေအနေတွေဖြေရှင်းဖို့အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက် ၅ ချက်ကို ပြည်သူ့ပါတီက ထုတ်ပြန်ခဲ့ပြီး CI စင်တာစနစ်ကို ဖျက်သိမ်းပြီး ထိုင်းအစိုးရက တိုက်ရိုက်စီမံတဲ့ ရွှေ့ပြောင်းအလုပ်သမားအတွက် ထုတ်ပေးတဲ့ ပန်းရောင်ကဒ်နဲ့ Biometric စနစ် ပြောင်းလဲဖို့၊ အခွန် ၂ ရာခိုင်နှုန်း မတရားကောက်ခံတာကို နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးထားတဲ့ အခွန်နှစ်ကြိမ်ပေးဆောင်မှု ကာကွယ်ရေး သဘောတူညီချက်နဲ့ ဆန့်ကျင်နေကြောင်း ထိုင်းအစိုးရက မြန်မာဘက်ကို တရားဝင် အသိပေးကန့်ကွက်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ် အလွန်အမင်း လိုက်လျောနေမှု တွေကို ပြန်လည်သုံးသပ်ဖို့နဲ့ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် တရားမဝင် ငွေကြေး ကောက်ခံနေမှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေ ပေါ်ပေါက်နေတာတွေကို အမြန်ဆုံး ဖြေရှင်း ပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် မရှိမဖြစ် အရေးပါတဲ့အတွက် ၎င်းတို့ရဲ့ အခွင့်အရေးနဲ့ လုံခြုံမှုကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ အကာအကွယ်ပေးဖို့ လိုအပ်ကြောင်း ထိုင်းပြည်သူ့ပါတီ ခေါင်းဆောင်တွေက တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။