နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ကရာဘီမြို့မှာ ချစ်သူများနေ့အတွက် မီးနီအချက်ပြမီးပွိုင့်တွေကို အသည်းနှလုံးပုံအဖြစ် အစားထိုး

ထိုင်းနိုင်ငံ ကရာဘီမြို့မှာ ချစ်သူများနေ့အတွက် မီးနီအချက်ပြမီးပွိုင့်တွေကို အသည်းနှလုံးပုံအဖြစ် အစားထိုး

Hsan Loi Editor
15/02/2026
Share:
ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားမြို့တစ်ခုဖြစ်တဲ့ ကရာဘီမြို့မှာ ချစ်သူများနေ့ (Valentine’s Day) အတွက် မီးနီအချက်ပြမီးပွိုင့်တွေကို အသည်းနှလုံးပုံအဖြစ် အစားထိုးပြောင်းလဲပေးထားပါတယ်။
May be an image of monument and text
ဒီလိုလုပ်ဆောင်တာဟာ မြို့ကိုပိုပြီးချစ်စရာကောင်းအောင်နဲ့ လူတွေ ပျော်ရွှင်ပြီး စိတ်အေးချမ်းစေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ထားတဲ့ အစီအစဥ်တစ်ခုပဲဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစပြီး ကရာဘီမြို့နယ်က အဓိကလမ်းဆုံ ၆ နေရာမှာ ပုံမှန်အချက်ပြ မီးပွိုင့်ဖြစ်တဲ့ မီးနီနေရာမှာ အသည်းနှလုံးပုံနဲ့ အစားထိုးတာပါ။
May be an image of heart
ဒီလိုလုပ်ဆောင်မှုက ဒေသခံတွေ၊ အခြားဒေသက လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေကို ကရာဘီမြို့မှာ အားလပ်ရက်အနေနဲ့ အပန်းဖြေလာရောက်ဖို့ အားပေးတဲ့အပြင် လူတွေရဲ့ စိတ်ဖိစီးမှုကို လျှော့နည်းစေဖို့ မျှော်လင့်ထားပြီး လူအများကတော့ သဘောကျနေကြတယ်လို့ သိရပါတယ်။
Photo – Credit to owner