နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်စဉ် ကားမှောက်၍ ပင်လောင်းဒေသခံ ၁ ဦးအပါ အဝင် ၃ ဦးသေဆုံး  

ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်စဉ် ကားမှောက်၍ ပင်လောင်းဒေသခံ ၁ ဦးအပါ အဝင် ၃ ဦးသေဆုံး  

Hsan Loi Editor
03/12/2022
Share:

 

ထိုင်းနိုင်ငံသို့ MOU ဖြင့်တရားဝင်အလုပ်လုပ်ကိုင်ရန် ထွက်ခွာလာသော မြန်မာလုပ်သား (၄၂) ဦးတင်ဆောင်လာသည့်ယာဥ်သည် နိုဝင်ဘာ၂၉ ရက်၊ ည (၉) နာရီခန့်က မဲဆောက် –ဘန်ကောက်လမ်းပိုင်း တာ့ခ် ကီလိုမီတာ ၆၈ အနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ ၃ ဦးထဲတွင် သျှမ်းပြည်နယ်၊ တောင်ပိုင်း ပင် လောင်းမြို့နယ်၊ ထီယွန်းကျေးရွာ၌ နေထိုင်သော (၁၉) နှစ်ရှိ မောင်ခွန်ဟန်အောင်နှင့် အခြားဒေသမှ မြန်မာလုပ်သား (၂) ဦးတို့ဖြစ်ကြောင်း သိရသည်။

 

ယာဥ်ပေါ်တွင်လိုက်ပါလာသော မြန်မာလုပ်သား (၄၂) ဦးလည်း ဒဏ်ရာအသီးသီးရရှိကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

 

စစ်ကောင်စီကအာဏာသိမ်းပြီးနောက် ပြည်တွင်းကုန်ဈေး နှုန်းကြီးမြင့်လာမှုနှင့်အတူ အလုပ်အကိုင်ရှားပါးလာသဖြင့် မိသားစုများစားဝတ်နေရေးနှင့် မိမိဘဝတိုးတက်မှုရှာဖွေရန် မြန်မာလူငယ်အများအပြား ပြည်ပနိုင်ငံများဆီသို့ စွန့်စားထွက်ခွာလျှက်ရှိသည်။

 

#HsanLoiVoice

 

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

 

https://hsanloivoice.org/