နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ထိုင်းနယ်စပ်ကဝင်လာသည့် အထောက်အထားမဲ့ တရုတ်လူမျိုးများကို ထိုင်းနယ်စပ်လုံခြုံရေးအဖွဲ့က အဆက်မပြတ် ဖမ်းဆီး

ထိုင်းနယ်စပ်ကဝင်လာသည့် အထောက်အထားမဲ့ တရုတ်လူမျိုးများကို ထိုင်းနယ်စပ်လုံခြုံရေးအဖွဲ့က အဆက်မပြတ် ဖမ်းဆီး

Hsan Loi Editor
23/07/2023
Share:

 

၂၀၂၃ ခု၊ ဇူလိူင်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခွဲခန့်က ချင်းရိုင်းခရိုင်၊ ချင်းခေါင် ရိမ်းခုံ ၅ ရပ်ကွက်ရှိ ဘန့်ဆောင်ဖိနှောင့် လိမ္မော်ခြံတဝိုက်၊ လာအိုဖက်ခြမ်းမှ အထောက်အထားမဲ့ ဝင်ရောက်လာသည့် တရုတ်လူမျိုး ၄ ဦးကို ထိုင်းနယ်စပ်လုံခြုံရေးအဖွဲ့များက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

အဖမ်းခံရသူများမှာ Mr. Yan Gxi (၂၇ နှစ်)၊ Mr. Son Xin Oliei (၂၉ နှစ်)၊ Mr. Wang Tao (၃၈ နှစ်) နှင့် Mr. Liang Zih Toong (၃၀ နှစ်) တို့ဖြစ်သည်ဟု သိရသည်။

လာအိုစက်လှေများကို တစီးလျှင် ယွမ်ငွေ ၅ ထောင်ဖြင့် ဌားရမ်းအသုံးပြုပြီး ထိုင်းနိုင်ငံ ဘန်ကောက်သို့ သွားရန်ဖြစ်သည့် အစုအဖွဲ့များဖြစ်သည်။ ဘန်ကောက်၌ ၎င်းတို့၏ ဆွေမျိုးများ ရှိသည်ဟုလည်း ပြောပါသည်။

မကြာသေးမီက နယ်စပ်ဖြတ်ကျော်သည့်မှုခင်းတားဆီး နှိမ်နှင်းရေးကိစ္စများ၊ Call Center ဂိုဏ်းများ နှိမ်နှင်းရေးကိစ္စ၊ အင်တာနက်ဖြတ်တောက်ရေးကိစ္စများ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးကိစ္စများကို မဲခေါင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်နိုင်ရေး တရုတ်-မြန်မာ-ထိုင်း ၃ ပွင့်ဆိုင် အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။


Ref: maesaipress