နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ထိုင်းတော်ဝင်မင်းသမီး ပက်ချ်ရာကီတီယာပါ အသက် ၄၇ တွင် နတ်ရွာစံ

ထိုင်းတော်ဝင်မင်းသမီး ပက်ချ်ရာကီတီယာပါ အသက် ၄၇ တွင် နတ်ရွာစံ

Hsan Loi Editor
12/06/2026
Share:
ထိုင်း တော်ဝင်မင်းသမီးတစ်ဦးဖြစ်တဲ့ထိုင်းဘုရင်ကြီး ရာမ ၁၀ ရဲ့ သမီးတော်ကြီး မင်းသမီးကြီး ပက်ချ်ရာကီတီယာပါ (Princess Bajrakitiyabha) ဟာ ဘန်ကောက်မြို့က စုလာလင်္ကရဏ ဆေးရုံကြီးမှာ နတ်ရွာစံ ကွယ်လွန်သွားပြီဖြစ်ကြောင်း ထိုင်းနန်း တော်က ယနေ့ဇွန်လ ၁၂ ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
မင်းသမီးကြီးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက် ကြာသ ပတေးနေ့ မနက် ၇ နာရီ ၄၈ မိနစ်အချိန်မှာ နတ်ရွာစံသွားခဲ့တာဖြစ်ပြီး၊ ကွယ်လွန်ချိန်မှာ သက်တော် ၄၇ နှစ် ရှိပြီဖြစ်ပါတယ်။
No photo description available.
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်း က နှလုံးရောဂါကြောင့် မင်းသမီးကြီးဟာ သတိလစ်လဲကျသွားခဲ့တာကြောင့် ထိုင်းကြက်ခြေ နီအသင်းရဲ့စုလာလင်္ကရဏ ဆေရုကြီးမှာ တက်ရောက်ကုသမှု ခံယူနေခဲ့တာဖြစ်ပြီး၊၎င်းရဲကျန်းမာ ရေးအခြေအနေကိုလည်း နန်းတော်ဘက်က အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကစပြီး မင်းသမီးကြီးဟာ အူမကြီးရောင်ရမ်းရာကနေတစ်ဆင့် ဝမ်း ဗိုက်အတွင်း ပိုးဝင်တာ၊ သွေးအားနည်းတာ၊ နှလုံး ခုန်နှုန်းမမှန်တာနဲ့ သွေးခဲစနစ်ဆိုင်ရာ မူမမှန်တဲ့ ရောဂါဝေဒနာတွေကို ထပ်မံခံစားခဲ့ရတာပါ။ ဆေးဘက်ဆိုင်ရာ ပါရဂူအဖွဲ့က အစွမ်းကုန် ကြိုးစားကုသပေးခဲ့ပေမဲ့ ဝေဒနာတွေဟာ တဖြည်းဖြည်းပိုမိုပြင်းထန်လာခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာတော့ ငြိမ်းချမ်းစွာ နတ်စွာစံ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ထိုင်းဘုရင်မင်းမြတ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ မင်းသမီးကြီးရဲ့ ရုပ်ကလာပ်အလောင်း တော်ကို နန်းတော်အတွင်းကဖီမန်ရတ်တယာ (Phiman Rattaya) ခန်းမဆောင်မှာ စနစ်တကျ ပင့် ဆောင်ပူဇော်ထားရှိပြီး၊ ထိုင်းတော်ဝင်ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာတွေနဲ့အညီ အခမ်းနားဆုံး ဈာပနအခမ်းအနား ကျင်းပနိုင်ဖို့အတွက် နန်းတွင်းတာ ဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်နေတယ်လို့ထိုင်း သ တင်း တွေအရသိရပါတယ်။
Source:Taifreedom
Photos:X.com