နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ထိုင်းကိုပြန်လည်တုံ့ပြန်ဖို့ Red Line သတ်မှတ်ထားပြီလို့ ဟွန်ဆန်ပြော

ထိုင်းကိုပြန်လည်တုံ့ပြန်ဖို့ Red Line သတ်မှတ်ထားပြီလို့ ဟွန်ဆန်ပြော

Hsan Loi Editor
09/12/2025
Share:
ထိုင်းမှာ ကျင်းပနေတဲ့ SEA Games မှာ ပါဝင်တဲ့ ကမ္ဘောဒီးယား အားကစားသမားများ ပုံမှန်အတိုင်း ပါဝင်ယှဥ်ပြိုင်ရန် တိုက်တွန်းထား
ထိုင်းက ကမ္ဘောဒီးယားကို F-16 တိုက်လေယယဥ်နဲ့ ယမန်နေ့ညနဲ့ ယနေ့နံနက်ပိုင်းအထိ ဗုံးကျဲတိုက်ခိုက်နေပြီး ဒါကို ပြန်လည်တုံ့ပြန်ဖို့ Red Line သတ်မှတ်ထားပြီဖြစ်တယ်လို့ ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
“ ပြန်လည်တုံ့ပြန်ဖို့ Red Lin သတ်မှတ်ထားပြီးပါပြီ၊ ရှေ့တန်းအရာရှိနဲ့ စစ်သည်များအားလုံး သိရှိနားလည်ကြရန်နဲ့ အန္တရာယ်ဇုန်ထဲမှာ ရှိနေတဲ့ သူတွေကို ဘေးကင်းလုံခြုံတဲ့နေရာရွှေ့ဖို့ အာဏာပိုင်တွေ ကူညီပေးကြပါ” လို့ သူက ညွှန်ကြားထားပါတယ်။
ပြည်တွင်းနဲ့ နိုင်ငံတကာက ဧည့်သည်တွေကိုလည်း ယခုချိန်မှာ တွေ့ဆုံလို့မရတဲ့အတွက် နားလည်ပေးကြရန်လည်း သူကရေးသားထားပါတယ်။
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၃၃ ကြိမ်မြောက် SEA Games မှာ ပါဝင်ယှဥ်ပြိုင်မယ့် ကမ္ဘောဒီးယား အားကစားများအနေနဲ့ ပွဲစဥ်တွေမှာ ပုံမှန်အတိုင်း ပါဝင်ကစားကြရန် သူကတိုက်တွန်းထားပါတယ်။
ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနယ်မြေအတွင်းရှိ စစ်ရေးပစ်မှတ်တွေကို F-16 တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး ကမ္ဘောဒီးယားဘက်မှ BM-21 ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ယနေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အမေရိကန် သမ္မတ ကြားဝင်မှုဖြင့် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က အပစ်ရပ် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးမှ ယခုလို နှစ်နိုင်ငံစစ်ရေးတင်းမာလာတာပဲဖြစ်ပါတယ်။