နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တော်လှန်ရေးအောင်ပွဲရောက်သည်အထိ ခိုင်မာတဲ့ ညီနောင်မဟာမိတ်စိတ်ဓါတ်နဲ့ စည်းလုံးညီညွှတ်ကြမယ်လို့ AAရဲ့ (၁၆)နှစ်မြောက် နှစ်ပတ်လည်နေ့ ပေးပို့တဲ့ သဝဏ်လွှာမှာ MNDAA နဲ့ TNLA ကတိပြု

တော်လှန်ရေးအောင်ပွဲရောက်သည်အထိ ခိုင်မာတဲ့ ညီနောင်မဟာမိတ်စိတ်ဓါတ်နဲ့ စည်းလုံးညီညွှတ်ကြမယ်လို့ AAရဲ့ (၁၆)နှစ်မြောက် နှစ်ပတ်လည်နေ့ ပေးပို့တဲ့ သဝဏ်လွှာမှာ MNDAA နဲ့ TNLA ကတိပြု

Hsan Loi Editor
10/04/2025
Share:

 

ညီနောင်မဟာမိတ် ၃ဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံနဲ့ စုစည်းညီညွတ်စွာ အတူတကွဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေး စီမံချက်လှိုင်းလုံးများနဲ့အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာတဲ့ ညီနောင်မဟာမိတ်စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်ကြပါမယ်လို့ MNDAA နဲ့ TNLA တို့က ကတိပြုရင်း ဂုဏ်ပြုသဝဏ်လွာပေးပို့ခဲ့ပါတယ်။

 

ယနေ့ ဧပြီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အာရက္ခတပ်တော်(AA)ရဲ့ (၁၆)နှစ် မြောက် နှစ်ပတ်လည် အထိမ်းအမှတ်နေ့မှာ ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ MNDAA နှင့် TNLA တို့က ပေးပို့တဲ့ ဂုဏ်ပြု သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

 

အာရက္ခပြည်သူတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က စတင်ဖွဲ့စည်းတည်ထောင်လိုက်တဲ့ အာရက္ခတပ်တော် (AA)သည် ယနေ့ဆိုလျှင် ၁၆ နှစ်ပြည့်မြောက်ပြီ ဖြစ်ကာ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ ယနေ့ထိ ရခိုင်ပြည်နယ်ရှိ မြို့နယ်(၁၄)ခုနဲ့ ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့အား သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

 

AA အနေနဲ့ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တစ်ခုလုံး သိမ်းပိုက်ရရှိထားသလို ကျောက်ဖြူမြို့ နယ်နဲ့ စစ်တွေမြို့နယ်မှာလည်း ယခုရက်ပိုင်းမှာ တိုက်ပွဲများဖြစ်ပွားနေတယ်လို့ သိရပါတယ်။