နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီး Ocean Center ရှိဖုန်းဆိုင်ဖောက်ထွင်းခံရ

တောင်ကြီး Ocean Center ရှိဖုန်းဆိုင်ဖောက်ထွင်းခံရ

Hsan Loi Editor
09/01/2023
Share:

 

တောင်ကြီးမြို့၊မြို့မဈေးရှေ့ Ocean Center အ ဆောက်အဦး၏ မြေညီထပ်တွင် ဖွင့်လှစ်ထားသော NICE It ဖုန်းဆိုင် ယနေ့မနက်ပိုင်းက ဖောက်ထွင်းခံ ရကြောင်း သိရသည် ။

 

” လောလောဆယ်တော့ ရဲတွေလာစစ်နေတယ် ၊ ဘယ် လောက်ပါသွားလဲဆိုတာတော့ ပိုင်ရှင်ပဲသိမယ် ခုအခြေ အနေကအား လုံးသိကြတဲ့အတိုင်းပဲ ဘယ်သူ့ကို အားကိုးရမှန်းမသိတော့ဘူး ခိုးဆိုးလုနှိုက်တွေ ထင်တိုင်းကျဲနေတာ သူတို့ထုတ်ထားတဲ့ ညမထွက်ရအမိန့် က သူခိုးတွေ အတွက်မပါဘူးထင်ပါတယ် ” ဟု Ocean Center အနီးတွင် စျေးရောင်းနေသူတစ်ဦးကပြောသည် ။

 

ဖောက်ထွင်းခိုးယူသူ များသည် အုပ်စုဖွဲ့၍ ယနေ့နံနက် တစ်နာရီ ချိန်ခန့်က NICE It ဖုန်းဆိုင်၏ ဆိုင်မှန်တံခါးများကို ဖျက်ဆီး ဝင်ရောက်ပြီး ဖုန်းများနှင့် အခြားဆက် စပ်ပစ္စည်းများကိုပါ ခိုးယူသွားခြင်းဖြစ်ကြောင်းသိရသည် ။

 

ဖောက်ထွင်း ခိုးယူခံလိုက်ရသည့် ပစ္စည်းတန်ဖိုးများကို HsanLoiVoice မှအတည်မပြုနိုင်သေးပေ ။ အဆိုပါဖောက်ထွင်းခံလိုက်ရသော NICE It ဖုန်းဆိုင်သည် အမှတ်(၁)မြို့မရဲစခန်း၏ အနီးတစ်ဝိုက်တွင်တည်ရှိနေသည် ။

 

ပြီးခဲ့သည့်နိုဝင်ဘာလက အမှတ်(၁) မြို့ရဲစခန်းအနီး

ဖွင့်လှစ်ထားသော ဖုန်းဆိုင်တစ်ခုတွင် လုယက်မှု ဖြစ်ပွားခဲ့ရာ အဆိုပါလုယက်သူများကို ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းမြို့ခံများကပြောသည် ။

 

 

စစ်ကောင်စီအာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နိုင်ငံနှင့်တစ်ဝန်းတွင် ခိုးဆိုးလုနှိုက်စသည့်ရာဇဝတ်မှုများအရှိန် အဟုတ်ဖြင့် နေရာတိုင်တွင်ဖြစ်ပွားနေသော်လည်း ဖမ်း ဆီးဖော်ထုတ်မှု သိသိသာသာနည်းပါးနေကြောင်း သိရသည် ။