နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီး အဆင်းလမ်းတွင်ကားကြီးများမကြာ ခဏ ချောက်ထဲကျနေ

တောင်ကြီး အဆင်းလမ်းတွင်ကားကြီးများမကြာ ခဏ ချောက်ထဲကျနေ

Hsan Loi Editor
11/02/2026
Share:
တောင်ကြီး မြို့ မှ အေးသယာ ထုံးဖို့သို့ဆင်းသည့် တောင်အဆင်းလမ်းတွင် ၁၂ ဘီးကုန်တင်ယာဥ်ကြီး များ မကြာခဏဆိုသလို လမ်းဘေးချောက် ထဲထိုး ကျမှုဖြစ်ပွားနေကြောင်းတောင်ကြီး မြို့ခံများထံမှ သိရသည်။
ဖေဖော်ဝါရီ ၁၀ ရက်(ယနေ့မနက်) ၇ နာရီဝန်းကျင်ခန့်ကလည်း တောင်ကြီး အဆင်းလမ်း ပစောက်ကွေ့တွင် ၁၂ ဘီးကုန်တင်ကားတစ်စီး အရှိန်လွန်ကာလမ်းဘေးချောက်ထဲ ထိုးကျ သွားပြီး တစ်နာရီနီးပါး ယာဥ်ကြောပိတ်စို့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
May be an image of road and fog
ထိုဖြစ်စဥ်တွင် လူထိခိုက်မှု အတိအကျ မသိရပါ။” တောင်အဆင်းလမ်းက ခဏခဏဖြစ်တယ် ဖြစ်လိုက်ရင်လဲကားကြီးသမားတွေပဲ လမ်းမလွတ်တာလဲပါသလို တစ်ချို့ခါလီတွေက အဆင်းလမ်းကို အရှိန်ကောင်းကောင်း မထိန်းဘူး ၊ အတက်လမ်းကသိပ်မဖြစ်ဘူး အဆင်းလမ်းပဲ ဖြစ်တာ ” ဟု တောင်ကြီး မြို့ခံတစ်ဦးကပြောသည်။
ညပိုင်းအချိန် ထို့သို့ ကားကြီးများချောက်ထဲ ကျလျှင် ယာဥ်ကြောပိတ်စို့မှုများ အနည်းဆုံး ၃ နာရီ ကြာပြီး လမ်းခရီးကြန့်ကြာမှုများဖြစ်ပွားတတ်ကြောင်းဆိုသည်။
May be an image of fog, tree and road
တောင်ကြီး အနောက်မြို့ပတ်လမ်းပေါ် တွင် ၁၂ ဘီးကုန်တင်ကားကြီးများ နေ့စဥ် ရာနှင့်ချီဖြတ်သန်းနေပြီး အများစုမှာ ကျောက်မီးသွေးတင်ကားကြီးများဖြစ် ပြီးကုန်ပစ္စည်းများကို အလုံပိတ်တင်ဆောင် လာသည့်ကားကြီးများလည်းနေ့စဥ်တွေ့မြင်နေရကြောင်း မြို့ခံများထံမှ ဆက်လက်သိရသည်။
Photo credit zom pha