နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံမှာ လူနေဆိုင်ခန်းများ ဆောက် လုပ်ဖို့ စည်ပင် နဲ့ လုပ်ငန်းရှင်ပူးပေါင်းကြံစည်မှု မြို့ခံများ လက်မခံ

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံမှာ လူနေဆိုင်ခန်းများ ဆောက် လုပ်ဖို့ စည်ပင် နဲ့ လုပ်ငန်းရှင်ပူးပေါင်းကြံစည်မှု မြို့ခံများ လက်မခံ

Hsan Loi Editor
05/01/2026
Share:
တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံအား စည်ကားသာယာလှပစေရေး ခေါင်းစဥ်တပ်ကာ မြို့နယ် စည်ပင်သာယာရေးနှင့် ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ (၃)ထပ် လူနေဆိုင်ခန်းများ ဆောက်လုပ်ရန် စီစဥ်နေကြောင်းမြို့ခံများထံမှ စုံစမ်းသိရသည်။
” ကလေးတွေရဲ့ ကစားကွင်း သက်ကြီးရွယ်အိုတွေ မနက်ခင်းနဲ့ ညနေခင်း လမ်းလျှောက် တဲ့နေရာ အများပြည်သူ အပမ်းဖြေတဲ့နေရာတစ်ခုဖြစ်တယ် ၊ အပင်တွေနဲ့မြို့လည်မှာ ဆို ဒါလေးပဲကျန်တော့တာ နောက်ပြီး မြို့ရဲ့တော်လှန်ရေး သမိုင်းတွေ အခန်းနားတွေအစဥ်အမြဲ လုပ်လေ့ရှိတဲ့နေရာလေဗျာ ရည် ရွယ်ချက်ရှိရှိလုပ်တယ်လို့ပဲ မြင်တယ် ဒါ့ကြောင့် ဘယ်သူမှ လက်မခံနိုင် တာပေါ့ ” ဟု တောင်ကြီး မြို့ခံ တစ်ဦးကပြောသည်။
အဆိုပါ ပန်းခြံသည် တောင်ကြီးမြို့၏ အထင်ကရ နေရာဖြစ်သည့်အပြင် ကလေးများ ဆော့ကစားရာ၊ ပြည်သူများ အပန်း ဖြေရာ နေရာတစ်ခုလည်း ဖြစ်သလို ၈လေးလုံး အရေးအခင်းလှုပ်ရှားမှု သမိုင်းမှတ်တိုင်အဖြစ် ကျောက် တိုင်စိုက်ထူထားခြင်းရှိကြောင်းသိရသည်။
ပန်းခြံအတွင်း အဆောက်အဦ ဆောက် လုပ်ရေးလုပ်ငန်းများကို စည်ပင်နှင့်ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေးကုမ္ပဏီက အကျိုးတူပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး ၄င်း ကုမ္ပဏီသည် စစ်တပ်နှင့်ခေတ်အဆက်ဆက် ကသျှမ်းတောင်အတွင်း သစ်ထုတ်လုပ်ရေးလုပ်ငန်းအပါအဝင်အခြားသော လုပ်ငန်းအများအပြားကိုအကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသော ချယ်ရီကွင်းဟိုတယ်ပိုင်ရှင်၏ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း မြို့ခံများဆီကစုံစမ်းသိရသည်။