နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီး တန်ဆောင်တိုင်ပွဲအတွင်း လူတိုးဝှေ့မှုများကြောင့် ကလေးသူငယ် နှင့်သက်ကြီးရွယ်အိုများ မူးမေ့လဲ

တောင်ကြီး တန်ဆောင်တိုင်ပွဲအတွင်း လူတိုးဝှေ့မှုများကြောင့် ကလေးသူငယ် နှင့်သက်ကြီးရွယ်အိုများ မူးမေ့လဲ

Hsan Loi Editor
18/11/2026
Share:
တောင်ကြီး တန်ဆောင်တိုင်ဖွင့်ပွဲ ပထမညတွင် ပွဲလာပရိတ်များအလွန်များပြားပြီး လူတိုးဝှေ့မှုများကြောင့် ကလေးသူငယ် နှင့်သက်ကြီးရွယ်အို ၊ အမျိုးသမီးများ မူးမေ့လဲ မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
” လူပင်လယ်ဖြစ်နေတာ လူအရမ်းများတာ့ပိ မိတာတွေ ၊ နင်းမိတာတွေ ရန်ဖြစ်တာတွေ ကလေးတွေမူးလဲတာတော်တော်ဖြစ်တာကိုတွေ့ရတယ် တစ်ချို့ဆိုင်ခန်းငှား ဆိုင်ရှင်တွေက သူတို့ဆိုင် ကိုလူပိလို့ ရေနွေးပူတွေနဲ့ ပက်တာ တွေ့ခဲ့တယ် ” ဟု ပွဲလာ ပရိတ်သတ်တစ်ဦးကပြောသည်။
ပွဲတော်အတွင်း လူတိုးဝှေ့မှုများကြောင့် မူးလဲများ သူအပြင် ထိခိုက်ဒဏ်ရာရ ပြီး လက်ကျိုးသူများလည်းရှိကြောင်းသိရသည်။
၄င်းအပြင် ဖွင့်ပွဲနေ့ နံနက် ၂ နာရီခွဲခန့်က လွှတ်တင်ခဲ့သည့် ပွဲကြိုက် ညမီးကြီးမီးပုံးပျံ၏ မီးစာတိုင်နှင့် ယမ်းခွေ ပြုတ်ကျပြီး ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
” မြို့ခံ တွေက ပွဲထဲကိုမသွားကြတာများတယ် ၊ ဘေးလွတ်ရာမှာပဲကြည့်ကြတယ် ပွဲလာဧည့်သည်တွေ အရမ်းများတယ် သူတို့အနေနဲ့ ပွဲကို မိုု့ခံတွေသတိပေးထားတဲ့အတိုင်း သတိထား သွားလာသင့်တယ်” ဟု တောင်ကြီး မြို့ခံတစ်ဦးကသတိပေးသည်။
မီးပုံးပျံပြိုင်ပွဲ ပထမနေ့တွင် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ ၁၅ လုံး လွှတ်တင်ယှဉ်ပြိုင် ခဲ့ပြီး ယခုနှစ် တန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်အရုပ်မီးပုံးပျံ ၄၄၉ လုံးနှင့် ညလွှတ်မီးပုံးပျံ ၁၁၂ လုံး၊ စုစုပေါင်း မီးပုံးပျံ ၅၆၁ လုံး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ ကျင်း ပမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ် သည်။