နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းထိုင်ဆရာတော်မှ ဦးဆောင်ပြီး အင်းလေးဒေသ ရေဘေးသင့်ဒေသခံများအား သွားရောက်ကူညီထောက်ပံ့

တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းထိုင်ဆရာတော်မှ ဦးဆောင်ပြီး အင်းလေးဒေသ ရေဘေးသင့်ဒေသခံများအား သွားရောက်ကူညီထောက်ပံ့

Hsan Loi Editor
22/09/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ရေမြင့်တက်မှုကြောင့် ရေဘေးဒုက္ခကြုံတွေ့နေရသော ဒေသခံပြည်သူများအား တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းထိုင်ဆရာတော် မှ ဦးဆောင်ပြီး လွိုင်ကော် ဗုဗ္ဗာရုံကျောင်းများ ဆရာတော်၊ သျှမ်းပြည်ဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များ၊ တောင်ကြီး သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လွယ်လုံပရဟိတကျောင်းမှ အဖွဲ့ဝင်များ၊တောင်ကြီးသျှမ်းလူငယ်များ၊ TYO အဖွဲ့၊ တောင်ကြီးဆက်ဆံရေးရုံး (RCSS) တာဝန်ခံနှင့်အဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေး အသင်းအဖွဲ့များက လိုအပ်သော စားနှပ်ရိက္ခာများ သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းထိုင်ဆရာတော် နှင့်အဖွဲ့ဝင်စေတနာရှင်များစုပေါင်းပြီး စက်တင်ဘာလ (၂၁) ရက်နေ့၌ ညောင်ရွှေမြို့နယ် အင်းလေးဒေသက နမ့်ဟူးရွာ၊တောင်ပို့နီရွာ၊စန့်ခမ်းရွာ၊ကျိုင်းခမ်းမြောက်ရွာရှိ ဒေသခံ ရေဘေးသင့်ပြည်သူများအတွက် ထပ်မံထောက်ပံ့ကူညီခဲ့သည်။

 

“ အချို့တွေက စစ်ဘေးရှောင်ရင်း အခုဆိုရင် ရေဘေးပါထပ်ရှောင်ရတဲ့အဖြစ်မျိုးဆိုတော့ တတ်နိုင်တဲ့ဘက်ကနေ ဝေဋုဝန်ဆရာတော်က ဦးဆောင်ပြီး သွားလှူပေးဖြစ်ခဲ့တာပေါ့။ တစ်အိမ်ထောင်စုကို စားနှပ်ရိက္ခာနဲ့အကူပစ္စည်း ၁၇ မျိုးပါအိတ်ပေးခဲ့ပြီး စုစုပေါင်း (၃၁၇) အိတ် ထောက်ပံ့ကူညီပေးခဲ့ပါတယ်။” ဟု တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

ယနေ့စက်တင်ဘာလ (၂၂) ရက်နေ့တွင်လည်း တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းထိုင်ဆရာတော်မှ ဦးဆောင်ပြီး ပုံးအင်းဒေသ ရေဘေးသင့်ပြည်သူများအား သွားရောက်ကူညီပေးလျက်ရှိကြောင်း သတင်းရရှိသည်။