နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီးမြို့အထွက်လမ်းမပေါ်မှာ ရွှေမုဌော တောင်ပေါ်မှ ကျောက်တုံးကြီး လိမ့်ကျလာပြီး ရုံးအဆောက်အအုံနဲ့ မော်တော်ယာဥ် ထိခိုက်ပျက်စီး

တောင်ကြီးမြို့အထွက်လမ်းမပေါ်မှာ ရွှေမုဌော တောင်ပေါ်မှ ကျောက်တုံးကြီး လိမ့်ကျလာပြီး ရုံးအဆောက်အအုံနဲ့ မော်တော်ယာဥ် ထိခိုက်ပျက်စီး

Hsan Loi Editor
28/09/2026
Share:
သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့အထွက် တောင်ကြီး−ဟိုပုံးသွားလမ်းပေါ်မှာ ရွှေမုဋ္ဌော တောင်ပေါ်မှ ကျောက်တုံးကြီး လိမ့်ကျလာပြီး ရုံးအဆောက်အအုံနဲ့ မော်တော်ယာဥ်တစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သဘာဝဘေးဆိုတာလဲ ပြောမရဘူးလေ မြေသားအိပြီးတော့ တောင်ပေါ်ကနေ ကျောက်တုံးကြီ... |  TikTok
ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် ည ၁၀ နာခွဲအချိန်ခန့်က သျှမ်းပြည်နယ်၊ သတ္တုတွင်းဦးစီးဌာနရုံးရဲ့ အနောက်ဘက်ရှိ တောင်ပေါ်မှ အလျား ၄၁၊ အနံ ၂၀၊ အမြင့် ၁၂ ပေ အရွယ်အစားရှိ ကျောက်တုံးကြီးဟာ မြေသားများအိကျပြီး လိမ့်ကျလာတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တောင်ကြီးမြို့တွင် တောင်ပေါ်မှ ဧရာမကျောက်တုံးကြီးတစ်တုံး လိမ့်ကျလာပြီး  ကားနှင့် နေအိမ်များ ပိမိကာ တောင်ကြီး-ဟိုပုန်းလမ်း ပိတ်ဆို့ ...
မိုးရွာသွန်းမှုကြောင့် မြေသားပျော့အိပြီး ကျောက်တုံးကြီးနဲ့အတူ ခဲ၊ရွှံ့တွေကပါ တောင်ပေါ်မှ လိမ့်ကျလာပြီး သတ္တုတွင်းဦးစီးဌာနရုံး အဆောက်အဦးနဲ့ မော်တော်ယာဥ်တစ်စီး ထိခိုက်ပျက်စီးကာ လမ်းတစ်ခြမ်းရှိ BOC စက်သုံးဆီ အရောင်းဆိုင်ရဲ့ ခြံစည်းဘက်သို့ လိမ့်ဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
ကျောက်တုံးကြီးလိမ့်ကျလာမှုကြောင့် ပြည်ထောင်စုလမ်းမကြီး ခေတ္တပိတ်သွားခဲ့ပြီး တာဝန်ရှိသူတွေ ညတွင်းချင်း စက်ယန္တရားတွေနဲ့ ပြန်လည်ဖယ်ရှားခဲ့တာကြောင့် ည ၁၂ နာရီခန့်မှာ လမ်းပြန်ပွင့်သွားကာ လူနဲ့တိရိစ္ဆာန် ထိခိုက်မှုမရှိဘူးလို့ တောင်ကြီးမြို့ခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လအတွင်းက လှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အဆိုပါနေရာအနီးရှိ ကားလေးဝင်းထဲကို ကျောက်တုံးကြီး လိမ့်ကျလာတဲ့ ဖြစ်စဥ်ရှိခဲ့ပြီး ယခုလိမ့်ကျလာတဲ့ ကျောက်တုံးကြီးဟာ ယခင်နှစ်ကထက် အရွယ်အစားပိုမိုကြီးတယ်လို့ သိရပါတယ်။