တောင်ကြီးမြို့ ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း( မိန်းလမ်း)ပေါ်ရှိ ပီတာ Peter ကော့တေးဘား မှ ဆိုင်ပိုင်ရှင်အမျိုးသားက မေလ (၄) ရက်ညနေပိုင်း တွင်အသက်မပြည့်သေးသည့်စားပွဲထိုးဝန်ထမ်း မိန်းက လေးငယ် တစ်ဦး ကို အသက်သေဆုံးသည်အထိရိုက်နက်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေကြောင်း တောင်ကြီး မြို့ခံများထံမှ သိရသည်။
” ပီတာက အရင်ကတည်းအမျိုးသမီးတွေအပေါ်ကြမ်းဖက်တတ်တဲ့ ရာဇဝင်ရှိတယ် ၊ သူ့ပထမအိမ်ထောင်နဲ့တုန်းကလဲ အိမ်တွင်အကြမ်းဖက်လို့ ကွာရှင်းထားတာရော သူ့ဝန်ထမ်းတွေအပေါ်အရင်ကတည်းလက်ပါတတ်တာပါ ၊အရင်က ညောင်ရွှေ ကလော တို့ဘက်မှာ ဘားဖွင့်တယ် အခုတောင်ကြီးမှာ ဖွင့်တာ တစ်နှစ်မပြည့်သေးဘူးထင်တာပဲ၊ သေသွားတဲ့ ကလေးမက ဆိုင်ကိုရောက်တာမကြာသေးဘူးလို့ သိရတယ် ” ဟု ပီတာ ဘားပိုင်ရှင် အောင်မျိုးသူနှင့် နီးစပ်သူတစ်ဦးကပြော သည်။
ဝန်ထမ်းအမျိုးသမီးငယ်အားသေဆုံးသည်အထိ ရိုက်နက်ရသည့်အကြောင်းအရင်းမှာပီတာဘား ဆိုင်အတွင်း လာရောက်စားသောက်သည့် ဧည့်သည်တစ်ဦးမှ ပေးသောမုန့်ဖိုးငွေ ကို ၄င်းအမျိုးသမီးငယ်က ဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာထံ အသိပေးပြောကြားခြင်းမရှိဟုဆိုကာ အဆိုပါပိုင်ရှင်က ပြင်း ထန်စွာ ထိုးကြိတ်ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ရိုက်နှက်ညှဉ်း ပန်းမှုများကြောင့် မိန်းကလေးငယ်မှာ မျက်နှာ၊ လက်နှင့် ဝမ်း ဗိုက်တို့တွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။
“ အခုလက်ရှိ ပီတာနဲ့ပေါင်းနေတဲ့သူ့ မိန်းမ ကနေ ရပ်ကွက်ကိုနာရေးဖြစ်တယ် ကလေးမက ချော်လဲပြီးသေတယ် ဘားပိုင်ရှင်ခရီးထွက်တယ်ဆိုပြီး ကလိမ်ကကျစ်လုပ်သေးတာအဲ့ဒါကိုမသိပဲ ရပ်ကွက်က အကုန် လိုက်လုပ်ပေးတာ မ သင်္ကာ တာတွေများလာတော့ အလောင်းကို စဝ်စံထွန်းပို့မှ လူသတ်မှုမှန်းသိတယ် ” ဟု ၄င်းဆိုင် ပတ်ဝန်းကျင် မှ ပြောကြားချက်များအရသိရသည်။

အဆိုပါ ပီတာ ဘားပိုင်ရှင် အောင်မျိုးသူ ရဲ့ ရိုက်နှက်ညှင်းပန်းမှုကြောင့် အသက်သေဆုံးသွားသည့် ဆယ်ကျော်သက် ဝန်ထမ်းအမျိုးသမီးငယ်မှာ ညောင်ရွှေမြို့နယ်မင်းချောင်းလယ်ရွာနေ အသက် ၁၆ နှစ်အရွယ်ရှိ မဖူးပွင့်ဝေဖြစ်ကြောင်းသိရသည်။
ကျူးလွန်သူ အောင်မျိုးသူ (ခ) ပီတာမှာ ၄င်းဆိုင်မှ မော်တော် ဆိုင်ကယ်ဖြင့်ထွက်ပြေးလွတ်မြောက်နေ ပြီးလက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးသလို့ တောင်ကြီးမြို့သက်ဆိုင်ရာနယ် မြေရဲစခန်းအနေ ဖြင့်လည်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။